ရိုက်စ်ကို လီဗာပူး ခေါ်ယူဖို့ မဖြစ်နိုင်တဲ့ အကြောင်းရင်းအား မာတင် ကီယွန် ထောက်ပြလာ

မာတင်ကီယွန်က ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ လီဗာပူးအတွက်ကော အာဆင်နယ်အတွက်ပါ စျေးကြီးလွန်းနေတယ်လို့ ထောက်ပြလာခဲ့ပါတယ်။

ဝက်စ်ဟမ်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားတဲ့ ရိုက်စ်က ဒီနွေမှာ စိန်ခေါ်မှု အသစ်တွေအတွက် ထွက်ခွာဖို့ ဆုံးဖြတ်ထားတာမို့ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာပါ။ ဒါပေမယ့် သူ့ကို ခေါ်ယူလိုရင် ပေါင် သန်း ၁၀၀ စျေးတောင်းဖို့ လန်ဒန်ကလပ်က ပြင်ဆင်ထားပါတယ်။

အဆိုပါ ပြောင်းရွှေ့ကြေးကြောင့်ပဲ ရိုက်စ်ကို ခေါ်ယူလိုတဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ နောက်ဆုတ်ရလိမ့်မယ်လို့ ကီယွန်က မှတ်ချက်ပေးလာခဲ့တယ်။

ကီယွန်က ပြောရာမှာ ‘ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကလန်ရိုက်က အာဆင်နယ်အတွက် စျေးကြီးလွန်းပါတယ်။ ကျနော် ထင်ပါတယ်။ ချန်ပီယံလိဂ်မှာ ဒီနှစ်တွေ ပုံမှန် ပါဝင်ကစားနေတဲ့ လီဗာပူးအတွက်တောင်မှ ဒီကလန်ရိုက်စ်က စျေးကြီးလွန်းပါတယ်။

သူ့အတွက် ပြောင်းရွှေ့ကြေးကို ကလပ်တွေ သဘောကျမှာ မဟုတ်ပါဘူး။ သိပ်ကို များလွန်းတယ်လို့ ထင်ပါတယ်။ အာဆင်နယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရင်တောင် ရိုက်စ်ကို ခေါ်ယူဖို့ ပိုက်ဆံ လောက်မယ်လို့ မထင်ပါဘူး။ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်က မတတ်နိုင်ပါဘူး။

ဝက်စ်ဟမ်းကတော့ စာချုပ်ကုန်တော့မယ့် သူ့အတွက် ပြောင်းရွှေ့ကြေး ရလိုပါလိမ့်မယ်။ သူတို့ မှန်ကန်တဲ့ အပြောင်းအရွှေ့တွေ လုပ်ဖို့လိုတာမို့ ရိုက်စ်ကို ရောင်းပြီး ငွေရှာလိုမှာပါ။ ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်နေဖို့ ရိုက်စ်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားပေးထားပါတယ် ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ကလပ်တွေဟာ ရိုက်စ်ကို ပေါင် သန်း ၇၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားကြပေမယ့် အခုထိတော့ အဆိုပါ ပြောင်းရွှေ့ကြေးနဲ့ဆိုရင် ဝက်စ်ဟမ်း အသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်မှာ မဟုတ်တာပဲ ဖြစ်ပါတယ်။