NEWS: လီဗာပူးနည်းပြသစ်အဖြစ် အမ်မိုရင်းကို ချိတ်ဆက်သွားဖွယ် မရှိ

လီဗာပူးအသင်းဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ့် ကလော့ပ် နေရာ အစားထိုးဖို့ စီစဉ်ရာမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါပြီ။

အလွန်ဆိုကို စတင်စုံစမ်းပေမယ့် လေဗာကူဆင်မှာပဲ ဆက်နေမယ်လို့ သေချာခဲ့တဲ့နောက် လီဗာပူးအသင်းရဲ့ နည်းပြလောင်း ရှာဖွေမှုဟာ အခြားသော လူငယ်နည်းပြတွေဘက် လှည့်လာခဲ့တာပါ။

စပို့တင်း နည်းပြ အမ်မိုရင်းကို အသင်းဘက်က စိတ်ဝင်စားခဲ့ပေမယ့် အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီသားဟာ လီဗာပူးနည်းပြ ဖြစ်လာဖို့ အခွင့်အရေး နည်းသွားခဲ့ပါပြီ။

အမ်မိုရင်းဟာ လက်တလောမှာ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းနဲ့ စကားပြောမှု ပြုလုပ်နေပြီဖြစ်ကာ သူ့ရဲ့ အနာဂတ်ဟာ အန်ဖီးမှာ ရှိလာဖို့ မဖြစ်နိုင်သလောက်ပါပဲ။

ဒီရက်ပိုင်းအတွင်း မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ဟာ လီဗာပူးနည်းပြရာထူးကို ကျော်ကြားမှုထက် ရဲရင့်စွာ ဆုံးဖြတ်မှုဖြင့် ရွေးချယ်မယ်လို့ အသံထွက်ထားခဲ့တာပါ။

လက်ရှိမှာတော့ ဖီယင်နုအသင်းနည်းပြ အန်းစလော့ဟာ လီဗာပူးနည်းပြသစ် ဖြစ်လာမယ်လို့ ရေပန်းစားနေကာ ဒုတိယနေရာမှာ ဒီဇာဘီရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ဒေတာအဖွဲ့ကတော့ ဝုဗ်နည်းပြ ဂယ်ရီအိုနေးနဲ့ ဘိုလော့ညာ နည်းပြ သီယာဂို မော်တာတို့ကိုလည်း ထောက်ခံပေးထားတယ်လို့ သိရပါတယ်။