NEWS: လီဗာပူးနည်းပြရာထူးအတွက် ဂယ်ရီအိုနေးကိုပါ အင်တာဗျူး လုပ်ထားခဲ့ပါပြီ

လီဗာပူးအသင်းဟာ မန်နေဂျာရာထူးအတွက် လျာထားသူတွေကို အင်တာဗျူးတွေ စတင် ခေါ်ယူနေပြီဖြစ်ကာ အချို့သော နည်းပြလောင်းတွေနဲ့ စကားပြောမှုတွေပါ လုပ်ထားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ စပို့တင်းနည်းပြ အမ်မိုရင်းဟာ လီဗာပူးနည်းပြဖြစ်လာဖို့ အခွင့်အရေး နည်းပါးလာခဲ့ပြီး အသင်းဘက်ကတော့ စီစဉ်ထားတဲ့အတိုင်း ပစ်မှတ်​တွေကို စကားပြောမှုတွေ ဆက်တိုက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

လီဗာပူးဘက်က ဘရိုက်တန်နည်းပြ ဒီဇာဘီနဲ့ ဝုဗ်အသင်းနည်းပြ ဂယ်ရီအိုနေးတို့ကိုလည်း အင်တာဗျူးမှု ပြုလုပ်ထားပြီလို့ သိရတယ်။ ဒီ ၂ ပတ်အတွင်း လီဗာပူးအသင်းဟာ နည်းပြတွေကို ချဉ်းကပ်မှုတွေ စတင်မှာဖြစ်ပါတယ်။

အသက် ၄၀ အရွယ် အင်္ဂလန်သားနည်းပြ ဂယ်ရီအိုနေးဟာ လီဗာပူးအသင်းနဲ့အတူ နည်းပြလောကထဲ စတင် ဝင်ရောက်လာခဲ့သူပါ။ ၂၀၂၀ ဩဂုတ်လမှာတော့ အိုနေးဟာ လီဗာပူး ယူ-၂၁ အသင်းနည်းပြ ဘယ်ရီလွီတက်စ်ရဲ့ လက်ထောက်အဖြစ် ၆ လ အလုပ်လုပ်ခဲ့ပါတယ်။

အဲ့နောက် ဂျွန်နသန် ဝုဒ်ဂိတ် ကိုင်တွယ်နေတဲ့ ဘုန်းမောက်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ရာသီကုန်ထိ ဆက်လက် တာဝန်ယူခဲ့ပါတယ်။

အဲ့နောက်ပိုင်းမှာ အိုနေးဟာ ဘုန်းမောက်အသင်း မန်နေဂျာရာထူး ဆက်ခံတဲ့ထိ တောက်ပလာခဲ့ပြီး လက်ရှိ လီဗာပူး အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတယ်။

လက်ရှိမှာတော့ ဝုဗ်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်နေပါတယ်။ သူဟာ ဖီယင်နု နည်းပြ အန်းစလော့၊ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့နောက် လီဗာပူးနည်းပြ ဖြစ်လာဖို့ တတိယမြောက် ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။