

လီဗာပူးတိုက်စစ်မှူး ဂျိုတာဟာ ဒဏ်ရာကြောင့် ၂ ပတ်ခန့် အနားယူရမှာဖြစ်ကာ ဘရတ်ဒလေနည်းတူ အသင်းပွဲနေ့တွေကို လွဲချော်ပါတော့မယ်။
လီဗာပူး ယူ-၂၁ နည်းပြဟောင်းဖြစ်ပြီး လက်ရှိ ဝုဗ်အသင်းကို ကိုင်တွယ်နေတဲ့ ဂယ်ရီအိုနေးဟာ ကလော့ပ်နေရာ ဆက်ခံသူဖြစ်လာဖို့ မရှိဘူးလို့ လီဗာပူးသတင်းရင်းမြစ်တွေက အခိုင်အမာ ပြောလာပါတယ်။
လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ အမ်မိုရင်းနဲ့ ဒီဇာဘီတို့ကို ကလပ် မန်နေဂျာ ရာထူးအတွက် စဉ်းစားခဲ့သေးပြီး လက်ရှိ အချိန်ထိလည်း ထည့်သွင်းထားဆဲလို့ နားလည်ရပါတယ်။
ချယ်ဆီးခံစစ်မှူး လီဗီကိုးဝဲလ်ကို လီဗာပူးဘက်က သဘောကျဆဲဖြစ်ပေမယ့် လန်ဒန်ကလပ်က ဒီနွေမှာ ရောင်းချပေးဖို့ စိတ်မဝင်စားပါဘူး။
လီဗာပူးအသင်းဟာ ဒီဇာဘီနဲ့ အင်တာဗျူးကိစ္စ အဆင်မပြေဖြစ်ခဲ့ပေမယ့် အန်းစလော့နဲ့တော့ အဆင်ပြေခဲ့ကြောင်း သိရပါတယ်။ အခုဆိုရင် ဖီယင်နု နည်းပြဟာ လီဗာပူးနည်းပြသစ်ဖြစ်လာဖို့ အတော်လေး ရေပန်းစားနေပါပြီ။
မိုက်ကယ်အတ်ဝပ်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ လီဗာပူးကို ဦးဆောင်ပေးနိုင်မယ့် နည်းပြချုပ်ကို အလိုရှိနေကာ အန်းစလော့က အဆိုပါ နေရာအတွက် အံဝင်ဂွင်ကျဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
အန်းစလော့ ကိုယ်တိုင်ကတော့ လီဗာပူးနည်းပြရာထူးကို တာဝန်ယူရဖို့ စိတ်ဝင်စားမှု ရှိပါတယ်။ အခုချိန်ထိ ကလပ်နဲ့ သူ့ကြား တိုက်ရိုက် စကားပြောဆိုနေခြင်း မရှိသေးပါဘူး။
လီဗာပူးအသင်းဟာ Nike, Puma တို့နဲ့ လက်တွဲဖို့ထက် ယခင် ကလပ် စပွန်ဆာဟောင်း Adidas နဲ့ ပြန်လည် လက်တွဲဖို့ နီးစပ်နေပါပြီ။
ဘာ့ဂျ်ဆဲတစ်ဟာ ယူ-၂၁ ပွဲတွေမှာ ဆက်လက် ပါဝင်ကစားနေဆဲဖြစ်ကာ ဒီရာသီမှာထက် နောက်ရာသီမှ စီနီယာအသင်းပွဲတွေကို ကစားရဖွယ် ရှိပါတယ်။
အူနိုင်း အမ်မရီဟာ အက်စတွန်ဗီလာနဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် လီဗာပူးဘက်က သူ့ကို ချိတ်ဆက်လို့ရနိုင်မှာ မဟုတ်တော့ပါဘူး။