နည်းပြသစ်ကို စံသတ်မှတ်ချက် (၄) ခုနဲ့ ရွေးချယ်မှု ပြုလုပ်နေတဲ့ လီဗာပူးအသင်း

နယ်သာလန် အားကစား မဂ္ဂဇင်း Voetbal International ရဲ့ အယ်ဒီတာချုပ်ကတော့ လီဗာပူးအသင်းဟာ စံသတ်မှတ်ချက် (၄) ခုနဲ့ မန်နေဂျာသစ် ရှာဖွေတယ်လို့ ရေးသားလာပါတယ်။

၁ – ဘတ်ဂျက်ငွေနဲ့ အလုပ်လုပ်နိုင်ရမည်

လီဗာပူးအသင်းဟာ ဘတ်ဂျက်ငွေနဲ့ အလုပ်လုပ်နိုင်ပြီး ကစားသမားတွေကို တိုးတက်စေမယ့် နည်းပြမျိုးကို ရှာဖွေပါတယ်။ လီဗာပူးနည်းပြဖြစ်လာသူဟာ မန်စီးတီး၊ နယူးကာဆယ်တို့လို အသုံးစရိတ်ကြီး မရနိုင်ဘူးဆိုတာ နားလည်ထားရပါမယ်။ နည်းပြသစ်အတွက်ကတော့ မိမိကိုယ်သာ အားကိုးရာဖြစ်ပါတယ်။

၂ – ကစားဟန်

စလော့ဟာ ၄-၂-၃-၁ ကို အသုံးချမှု မြင့်မားပေမယ့် ကစားကွက်တစ်ခုတည်းကို ဆွဲကိုင်ထားတာတော့ မဟုတ်ပါဘူး။ လီဗာပူးအသင်းဟာ နည်းပြတစ်ယောက်ကို လေ့လာရင် အသင်းနဲ့ အံဝင်တဲ့ ကစားကွက် ကိုင်ဆွဲသူလားဆိုတာ အတော် ကြည့်ပါတယ်။ နောက်ပြီး တိုက်စစ်ကစားဖို့၊ ကစားဟန် ဆွဲဆောင်မှုရှိဖို့တွေကိုလည်း ကြည့်ပါတယ်။

၃ – အထိုင်လူစာရင်းကို လွဲယူနိုင်သူ

လီဗာပူးလူစာရင်းမှာ စီမံရမယ့် ကိစ္စတွေ အများကြီးရှိနေပြီး ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ကို သက်တမ်းတိုးရမှာတွေ ရှိပါတယ်။ အခြေခံအားဖြင့်တော့ နည်းပြသစ်ဟာ တောင်းဆိုမှုတွေ များစွာလုပ်တာထက် လက်ရှိ လူစာရင်းကို လွဲယူနိုင်သူဖြစ်ရပါမယ်။

၄ – စရိုက်ကောင်းရမယ်

လီဗာပူးမန်နေဂျာဖြစ်လာရမယ့်သူဟာ ဆက်ဆံပြောဆိုမှုပိုင်းမှာ ကောင်းမွန်ပြီး စရိုက်ကောင်းရပါမယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေး အယူအဆကို ပြောရမယ်ဆိုရင် နည်းပြကြီးကင်နီ လက်ထက်မှာ ဆွာရက်စ်နဲ့ အီဗရာကိစ္စဟာ လီဗာပူးရဲ့ ပုံရိပ်ကို ကျဆင်းစေခဲ့ပါတယ်။

ကင်နီကို စရိုက်မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပေမယ့် အဲ့ဖြစ်ရပ်နောက်ပိုင်း လီဗာပူးအသင်းဟာ လူသစ်တစ်ဦးကို ခေါ်ထည့်လိုက်တိုင်း character နဲ့ personality ကို သိပ်ဂရုစိုက်ပါတယ်။