အသက် ၄၅ နှစ်အရွယ် နယ်သာလန်သား နည်းပြ အန်းစလော့က သူ လီဗာပူးနည်းပြသစ် ဖြစ်လာချင်တယ်လို့ ပေါ်တင် ထုတ်ပြောလာပါတယ်။
မီဒီယာတွေ့ဆုံမှုမှာ အန်းစလော့က “ ကျနော် လီဗာပူးမန်နေဂျာသစ် ဖြစ်လာချင်တာ လျှို့ဝှက်ထားရမယ့် ကိစ္စ မဟုတ်ပါဘူး။ ကျနော်ကတော့ ဖြစ်လာချင်ပါတယ်။
ဖီယင်နုနဲ့ လီဗာပူးတို့ကြား ညိနှိုင်း စကားပြောနေပါတယ်။ ဘယ်လို အဖြေထွက်လာမလဲ ကျနော် စောင့်နေပါတယ်။
ကလပ်တွေ သဘောတူညီမှုရမှာကို စောင့်နေပြီး ဖြစ်မြောက်မယ်လို့ ယုံကြည်ချက်လည်း ရှိပါတယ် ” လို့ ဖြေဆိုခဲ့ပါတယ်။
အန်ဖီးကလပ် တာဝန်ရှိသူတွေဟာ အန်းစလော့အတွက် ပေါင် ၇.၇ သန်းဖြင့် ကမ်းလှမ်းရာမှာ ဖီယင်နုဘက်က ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ပေါင် ၈.၆ သန်းနဲ့တင် နှစ်သင်းကြား သဘောတူညီမှု ပြီးမြောက်ဖွယ် ရှိပါတယ်။
ဒီအပတ် တနင်္ဂနွေနေ့မှာ ဖီယင်နုအသင်းဟာ ဒတ်ချ်လိဂ်ဖလား ဖိုင်နယ်ပွဲ ကစားရမှာမို့ အဲ့မတိုင်ခင် သတင်းထူးတွေ ထုတ်ပြန်တာမျိုး မလုပ်ဘဲ နယ်သာလန်ကလပ်အပေါ် လေးစားမှု ပြသပေးမှာဖြစ်ပါတယ်။
အဆိုပါပွဲအပြီးမှာ လီဗာပူးအသင်းဟာ အန်းစလော့ကို ခေါ်ယူနိုင်ကြောင်း ကြေညာဖွယ် ရှိပါတယ်။