လီဗာပူးအသင်းဟာ နည်းပြသစ်အဖြစ် ဖီယင်နုအသင်းကနေ အာနယ် စလော့ကို ခေါ်ယူရေး ကိစ္စအား လာမယ့် ၄၈ နာရီအတွင်း အပြီးသတ်မှာဖြစ်ပါတယ်။
အာနယ် ကိုယ်တိုင်က လီဗာပူးကို ပြောင်းလိုပါတယ်လို့ မီဒီယာတွေ့ဆုံမှုမှာ ထုတ်ပြောခဲ့အပြီး သောကြာနေ့က ကလပ် ၂ သင်းကြား စကားပြောမှုဟာ တိုးတက်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။
လီဗာပူးဘက်က အာနယ်အတွက် ဖီယင်နုကို ပေါင် ၈.၆ သန်း ပေးရမှာဖြစ်သလို အခြားသော နည်းပြအဖွဲ့ဝင်တွေအတွက် သက်ဆိုင်ရာ စာချုပ်ပါကြေးတွေ ထပ်ပေးရမှာပါ။
အာနယ်ကတော့ သူ့ရဲ့ လက်ထောက်နည်းပြဖြစ်တဲ့ Sipke Hulshof နဲ့ စွမ်းဆောင်ရည် အကဲဖြတ်ရေး အကြီးအကဲ Ruben Peeters ကိုပါ အပါခေါ်လာလိုနေပါတယ်။ သူတို့ ၃ ဦးလုံးအတွက်တော့ လီဗာပူးဘက်က ပေါင် ၁၃ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။
ဖီယင်နုဘက်ကတော့ အာနယ်ကို လက်လွတ်ရမှာဖြစ်ပေမယ့် နည်းပြအဖွဲ့ တစ်ခုလုံးကို ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့သွားတာမျိုး လက်ခံပေးမှာ မဟုတ်ပါဘူး။ လီဗာပူးနဲ့ နယ်သာလန်ကလပ်ကြား အဆိုပါ ကိစ္စ ဆက်လက် ညိနှိုင်းမှု ရှိပါလိမ့်မယ်။
ဒီအပတ် တနင်္ဂနွေ့နေ့မှာတော့ လီဗာပူးအသင်းနဲ့ ဖီယင်နုတို့ဟာ အာဆင်နယ် စလော့ရဲ့ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ် ကြေညာဖို့လည်း စီစဉ်ထားပါတယ်။
နည်းပြကလော့ပ်ဟာ ရာသီကုန်ထိ အသင်းကို တာဝန်ယူမှာဖြစ်ပေမယ့် ရာသီကြိုက စတင်ပြီး အာနယ် စလော့တို့အဖွဲ့က ပြောင်းလဲ တာဝန်ယူမှာဖြစ်ကာ လီဗာပူး ခေတ်သစ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။