ဒီရာသီ လီဗာပူးအသင်း အကောင်းဆုံး ရာသီသိမ်းကို မရရှိဘဲ ကျဆင်းလာခဲ့ခြင်းအတွက် သူ့ကိုပဲ အပြစ်တင်ကြဖို့ နည်းပြကလော့ပ်က အသိပေးလိုက်ပါတယ်။
လီဗာပူးအသင်းဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ အာနယ် စလော့နဲ့ သူ့ရဲ့ အဖွဲ့ဝင် ၂ ဦးကို နယ်သာလန်ဘောလုံးလောကမှာ နည်းပြတစ်ယောက်အတွက် စံချိန်တင်ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။
ဂက်ပိုတို့ ဇနီးမောင်နှံဟာ သားယောက်ကျားလေး ထပ်မံ ရရှိခဲ့ပြီဖြစ်ကာ တိုက်စစ်မှူးက ဒီအပတ် ဝက်စ်ဟမ်းပွဲမှာ ပြန်ပါလာမယ်လို့ ကလော့ပ်က အတည်ပြုပါတယ်။
လီဗာပူးအသင်းဟာ အသက် ၁၇ နှစ်အရွယ် တောင်ပံသမား မော်ရစ်ဆန်ကို ပရော်ဖက်ရှင်နယ်စာချုပ် ပေးခဲ့ပြီဖြစ်ပါတယ်။
အာနယ် ထွက်ခွာခြင်းနဲ့အတူ အင်္ဂလန်လိဂ်ကို သူတို့လည်း လိုက်ပါ ပြောင်းရွှေ့နိုင်မယ်လို့ ဖီယင်နုကစားသမား အချို့က မျှော်လင့်နေပါတယ်။
မိုက်ကယ်အတ်ဝပ်တို့ဟာ သူတို့ရဲ့ နည်းပြလောင်းတွေကို တူညီစွာ အခွင့်အရေး ပေးအပ်ခဲ့တာဖြစ်ပြီး သတင်းတွေ ထွက်ခဲ့သလို အမ်မိုရင်းက ရေပန်းအစားဆုံးဆိုတာ မဟုတ်ပါကြောင်း ဗြိတိန်သတင်းထောက်တွေက ဆိုပါတယ်။
အမ်မိုရင်းကို လီဗာပူးအသင်း မကြိုးစားတော့တဲ့ အဓိက အကြောင်းရင်း တစ်ရပ်ကတော့ သူ့ရဲ့ ခံစစ် ၃ ယောက်တန်း နည်းစနစ်ဟာ အသင်းရဲ့ အထိုင်ကို ပြောင်းလဲပစ်ဖို့ လိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။
နောက်အပတ်မှာတော့ အတ်ဝပ်တို့နဲ့ အာနယ် စလော့ကြားမှာ အပြောင်းအရွှေ့မှာ ဘယ်လိုလူ ခေါ်ယူမလဲ ကိစ္စ ဆွေးနွေးမှု ရှိလာမယ်လို့ သိရပါတယ်။
အာနယ်ကို လက်လွတ်ရမှာအတွက် ဖီယင်နု ပရိသတ်တွေ များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။ သူတို့အတွက်တော့ အာနယ်ဟာ ကလော့ပ်လို မန်နေဂျာမျိုး ဖြစ်ပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီးမားရက်စ်ရဲ့ စာချုပ်မှာ ပေါင် သန်း ၁၀၀ သန် ခေါ်ယူခွင့်ပါရှိပြီး ဇွန်လမှာ စတင် အသက်ဝင်ပါမယ်။