NEWS: ရိုမန်နို ပြောပြလာတဲ့ ဆာလာ အပြောင်းအရွှေ့ကိစ္စ၊ လီဗာပူးရဲ့ နွေစျေးကွက် အဓိက ပစ်မှတ်

လီဗာပူးအသင်းမှာ ကိစ္စတွေ ဖြစ်ပွားနေပြီလို့ အပြောင်းအရွှေ့ သတင်းထောက်က ထုတ်ပြောလာပြီး ကလော့ပ်နဲ့ ဆာလာ ကိစ္စဟာ “တင်းမာတဲ့ အခြေအနေ တစ်ရပ်ဖြစ်တယ်ဆိုတာ မြင်သာကြောင်း” ၎င်းက ထုတ်ပြောခဲ့ပါတယ်။

မတ်လနဲ့ ဧပြီလတွေအတွင်း မိုဆာလာဟာ သွင်းဂိုး ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့ကာ လီဗာပူးအသင်း ဆုဖလား စိန်ခေါ်မှုကနေ ထွက်ခွာရခြင်းမှာ သူ့ရဲ့ ခြေစွမ်း ကျဆင်းမှုကလည်း အဓိက ကျလာခဲ့ပါတယ်။

စနေနေ့အဖြစ်အပျက်မှာ ပါဝင်ခဲ့သူ ၂ ဦးထဲက ကလော့ပ်ကတော့ ရာသီကုန်ရင် ထွက်ခွာသွားမှာဖြစ်ပါတယ်။ သူ့နေရာ အစားထိုးဖို့ လီဗာပူးအသင်းဟာ ဖီယင်နု နည်းပြဖြစ်သူ အာနယ် စလော့နဲ့ အကြို သဘောတူညီမှု ယူခဲ့ပြီးပါပြီ။

ဆာလာဟာ ကွင်းထဲကနေ မထွက်ခင်မှာ “ဒီနေ့ သူ စကား တစ်ခုခု ပြောလိုက်ရင် မိုးမီးလောင်သွားနိုင်ကြောင်း” ပြောဆိုမှုက ပြင်းထန်တဲ့ မက်ဆေ့တစ်ခုဖြစ်တယ်လို့ ရိုမန်နိုက ဆိုပါတယ်။ လီဗာပူးအသင်းဟာ ရာသီကုန်မှာတော့ ဆာလာကိစ္စကို သုံးသပ်သွားမယ်လို့ သူက ပြောပါတယ်။

ဆော်ဒီဘက်ကတော့ ဆာလာကို ခေါ်ယူဖို့ ကြိုးစားလာဦးမှာဖြစ်ကာ မနှစ်ကနွေမှာ ကမ်းလှမ်းခဲ့တဲ့ ပေါင် သန်း ၁၅၀ တန် အပြောင်းအရွှေ့ စာချုပ်မျိုးတော့ ရဖွယ် မရှိပါဘူး။

လီဗာပူးအသင်းဟာ အာနယ် စလော့ကို ၂ နှစ်ကနေ ၃ နှစ်ရှိမယ့် စာချုပ်ပေးမှာဖြစ်ကာ သူ့အတွက် လူစာရင်းကို ပြန်လည် စုဖွဲ့ပေးပြီး ခံစစ်မှူး ကွမ်းဆက်ကို သက်တမ်းတိုးစာချုပ် ပေးလိမ့်မယ်လို့ ရိုမန်နိုက ပြောပါတယ်။

ဆာလာကို ရောင်းချဖို့ လမ်းဖွင့်ထားတဲ့ လီဗာပူးအသင်းဟာ လိစ်ဒ်ယူနိုက်တက်မှ ဆမ်းမားဗယ်လာကို ပုံမှန် ကင်းထောက်နေကြောင်းနဲ့ နွေအတွက် အဓိက အပြောင်းအရွှေ့ ပစ်မှတ်ကတော့ ဗဟိုခံစစ်မှူးနေရာပဲ ဖြစ်တယ်လို့လည်း ရိုမန်နိုက ဆက်ပြောခဲ့ပါတယ်။

ဆော်ဒီဘက်ကတော့ ဆာလာအတွက် ပေါင် သန်း ၇၀ ဝန်းကျင် ကမ်းလှမ်းမှု ပေးဖွယ်ရှိပြီး မိုက်ကယ် အတ်ဝပ်တို့က ဒီပမာဏနဲ့ လက်ခံမလားဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။