ရာသီစတုန်းက ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းဟာ ဒါဝင် နူးညက်စ်ကို ခေါ်ယူဖို့ ကြိုးစားကြောင်းကို ကျနော်တို့ ဖော်ပြခဲ့ဖူးပါတယ်။
မာဆေးဆိုဒ်သတင်းထောက်တွေက အဆိုပါကိစ္စကို ငြင်းဆန်ခဲ့ကြပေမယ့် အခုချိန်မှာတော့ အဲ့ချိတ်ဆက်မှုဟာ တကယ်ဖြစ်ခဲ့ကြောင်း အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက မနေ့ကပဲ caughtoffside ရဲ့ လီဗာပူးဆိုင်ရာ အထူးကဏ္ဍကနေ ဖော်ပြလာပါတယ်။
ရိုမန်နိုကတော့ ” ဒီအခြေအနေမှာ ဒါဝင် နူးညက်စ် အခြေအနေအတွက် အပြောင်းအလဲ တစ်ခုခု ဒါမှမဟုတ် သတင်းထူးတွေ မရှိပါဘူး။
မနှစ်ကနွေတုန်းက အပြောင်းအရွှေ့စျေးကွက် ပိတ်ခါနီးမှာ ချယ်ဆီးအသင်းဟာ တိုက်စစ်မှူးသစ် ရှာဖွေနေခဲ့ပြီး သူတို့တွေ ဒါဝင် နူးညက်စ်ကို ခေါ်နိုင်ဖို့ တကယ်ကို ကြိုးစားခဲ့တာပါ။
ဒါဝင်ကို ခေါ်နိုင်ဖို့ သူတို့ စကားတွေပြောခဲ့ပေမယ့် လီဗာပူးဘက်က ပြတ်ပြတ်သားသားပဲ မဖြစ်နိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
ကျနော် ကြားသိခဲ့သလောက်တော့ ချယ်ဆီးထံ ဒါဝင်ကို ထွက်ခွင့်မပေးဖို့ကို ကလော့ပ်က တားဆီးခဲ့ပါတယ်။ ဒီရာသီအတွက်ကော အနာဂတ်အတွက်ပါ ဒါဝင်က လီဗာပူးအတွက် အဓိကကျတဲ့ ကစားသမားဖြစ်လာမယ်လို့ ယုံကြည်မှုကြောင့် ကလော့ပ်က တားဆီးခဲ့တာ ဖြစ်ပါတယ်။
ဒီနွေမှာ ကလပ်တွေက ဒါဝင်ကို ချိတ်ဆက်လာမလား စောင့်ကြည့်ရပါမယ်။ နောက်ပြီး ဒါဝင်က လီဗာပူးအတွက် အရေးကြီးတဲ့ ကစားသမားအဖြစ် ဆက်နေဖြစ်မလားပေါ့။ ” လို့ ဆိုခဲ့ပါတယ်။
မာဆေးဆိုဒ် သတင်းထောက်တွေကတော့ မိုက်ကယ်အတ်ဝပ်ဟာ ဒါဝင် နူးညက်စ်ကို ပေါင် ၈၅ သန်းပေးပြီး ခေါ်ယူတာကို သဘောမကျပေမယ့်လို့ နည်းပြသစ်ဖြစ်လာမယ့် အာနယ် ဆလော့နဲ့ သေချာလေး ဆွေးနွေးသွားဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။