

မနေ့ညက မြောက်လန်ဒန်ဒါဘီပွဲမှာ စပါးအသင်း ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန် ၃ ပွဲ အလိုမှာပဲ လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ပါပြီ။
လီဗာပူးအသင်းဟာ ကွမ်းဆက်နဲ့ ထရန့်လို အကယ်ဒမီထွက် ကြယ်ပွင့်တွေကို သက်တမ်းတိုးစာချုပ်သစ်တွေ ပေးဖို့ ပြင်ဆင်နေပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက်ကိုလည်း စာချုပ်သစ်ပေးလိုစိတ် ရှိထားပါတယ်။
အန်ဖီးကို အာနယ် စလော့ ရောက်လာမှာဖြစ်ပေမယ့် ဖီယင်နု ကစားသမားတွေကိုပါ အပါခေါ်လာဖို့မျိုးက ဖြစ်လာဖို့ ခဲယဉ်းပါတယ်။
ဆာလာအတွက် ဒီနွေမှာ ဆော်ဒီဘက်က ကမ်းလှမ်းမှုဟာ ပေါင် သန်း ၁၀၀-၁၅၀ ကြား ရှိမယ်လို့ အပြောင်းအရွှေ့ သတင်းတွေက ဖွလာနေပါတယ်။
အာနယ် စလော့ဟာ သူ့ရဲ့ လူစာရင်းထဲ ဆာလာကို ဆက်ထိန်းထားဖို့ စိတ်ဆန္ဒ ရှိနေပါတယ်။
Nike က နောက်ရာသီအတွက် လီဗာပူး အိမ်ကွင်းဂျာစီမှာ LFC logo အောက်ခံကို YNWA စာသား ထည့်သွင်းမှုအား ပြန်ဖြုတ်လိုက်ပြီး ရိုးရိုးလိုဂိုပဲ ပြောင်းလဲတပ်ဆင်ပေးသွားဖွယ် ရှိပါတယ်။
လီဗာပူးနဲ့ ဗန်ဒိုက်ကြား စာချုပ် အခြေအနေကို စောင့်ကြည့်နေတဲ့ ကလပ်တွေ များပြားလာနေပြီး ခံစစ်မှူးကို ထိပ်တန်း အသင်းအချို့က ဒီနွေမှာ ခေါ်ယူဖို့ ကြိုးစားကြည့်လိုနေပါတယ်။
ဟူးစီးတီးအသင်းမှာ အငှားထွက်နေတဲ့ ကာဗာရိုဟာ ချန်ပီယံရှစ် ၁၉ ပွဲအတွင်း ကိုယ်တိုင် ၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်နိုင်ခဲ့တဲ့နောက် တစ်ကျော့ပြန် တောက်ပခွင့်ရလာနေပါပြီ။
ချန်ပီယံရှစ်ကလပ် လိစ်ဒ်ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ လီဗာပူးခံစစ်မှူး နက်ဖီးလစ်ကို အပြီးသတ် ခေါ်ယူသွားဖွယ်ရှိပါတယ်။
အတ္တလန်တာ သတင်းဌာနတွေကတော့ လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို ရောင်းချဖို့ ပြင်ဆင်နေပြီး ဘာစီလိုနာကလည်း ကြားဝင်လာဖို့ စောင့်ဆိုင်းနေကြောင်း ဖော်ပြနေပါတယ်။