လီဗာပူးအသင်းဟာ ပြင်သစ် လီဂူးဝမ်းကလပ် နိုက်အသင်းမှ ကွင်းလယ်လူ Khephren Thuram ကို လိုက်လံ စောင့်ကြည့်နေပေမယ့် တရားဝင် ကမ်းလှမ်းမယ့် အခြေအနေမျိုး အခုထိ မမြင်ရသေးပါဘူး။
လက်တလော လီဗာပူးရဲ့ ပစ်မှတ်ဟာ အယ်လစ္စတာဖြစ်သလို ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကွင်းလယ်လူတွေထဲကပဲ ခေါ်ယူရေးက ဦးစားပေး ဖြစ်တယ်လို့ သတင်းထောက် Dominic King က ဆိုပါတယ်။
လီဗာပူးအသင်းသားတွေဟာ ဘာစီလိုနာမှာ ပျော်ရွှင်နေကြပြီး လုံခြုံရေးတွေနဲ့အတူ မြို့ပတ်လို့ လမ်းလျှောက်လိုက်၊ ဘားထိုင်လိုက်နဲ့ လွတ်လွတ်လပ်လပ် အနားယူခွင့် ရနေကြပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးကို ဘယ်လင်ဟမ် စျေးလောက်နီးနီး အလိုရှိနေကာ ပေါင် သန်း ၁၀၀ အထက်ထိ စျေးခေါ်လိုနေပါတယ်။ လီဗာပူးဘက်က ကွင်းလယ်လူအပေါ် စိတ်ဝင်စားမှုကို ရုတ်သိမ်းဖွယ် ရှိနေပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် လီဗာပူးအသင်းဟာ ဆုကြေး ပေါင် သန်း ၆၀ ဝန်းကျင် နစ်နာမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းက ဘာရယ်လာအပေါ် စိတ်ဝင်စားမှု ဆက်ရှိနေပြီး အင်တာ-လာဇီယို ပွဲကို တက်ရောက် ကြည့်ရှုခဲ့သလို ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်မယ့် မီလန်ဒါဘီကို တက်ရောက်ဖို့ နာမည်စာရင်း တင်ထားခဲ့ပါပြီ။
စပါးအသင်းဟာ ဘရန့်ဖိုဒ့်၊ ဘရိုက်တန်နည်းတူ လီဗာပူး ဂိုးသမား ကလယ်ဟာကို ခေါ်ယူဖို့ မျက်စိကျနေပြီး ဒီနွေမှာ ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ပေးရမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ရာသီ အဖွင့်ပွဲကို အဝေးကွင်းပွဲ ကစားခွင့်ပေးဖို့ လိဂ်ဘက်ကို တောင်းဆိုထားပါတယ်။ အဆိုပါ သီတင်းပတ် အတွင်းမှာ အန်ဖီးကွင်း တိုးချဲ့မှု အပြီးသတ် ကာလကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။
ဒီနွေမှာ အာရှကို ခရီးထွက်လာခြင်းနဲ့အတူ လီဗာပူးအသင်းဟာ စပွန်ဆာ အသစ်ဖြစ်တဲ့ All Star Partners နဲ့ တန်ကြေးကို မြှင့်တင်မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တရုတ်စျေးကွက်ကို ထိုးဖောက်ဖို့ ပြင်ဆင်နေကာ ကလပ်ရဲ့ စီးပွားရေး ဝင်ငွေကို ပိုများပြားလာစေဖို့ အားထုတ်နေပါတယ်။
အဲဗာတန်ဟာ မီလ်နာကို အလွတ်ဖြင့် ခေါ်ယူနိုင်ရေး ကမ်းလှမ်းပေမယ့် ကစားသမားဘက်က ပယ်ချလိုက်ပါတယ်။