အာနယ်နဲ့တကွ အဖွဲ့သား ၄ ဦး၊ ဆာလာ ကိစ္စ အသေးစိတ် ညိနှိုင်းမယ်၊ ခံစစ်မှူးသစ် ဦးစားပေး ခေါ်ဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးသတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ အသင်းဟာ နည်းပြသစ်ဖြစ်လာမယ့် အာနယ် စလော့အတွက် အဓိက အစုအဖွဲ့ကို ဆက်ထိန်းပေးနိုင်ဖို့ ကြိုးစားပေးမှာဖြစ်ပါတယ်။

ဖီယင်နုအသင်းရဲ့ နည်းစနစ်ဆိုင်ရာ စိစစ်မှု အကြံပေးသူ Etienne Reijnen ဟာ အာနယ် စလော့နဲ့အတူ လီဗာပူးထံ ရောက်လာမယ့် ၄ ဦးမြောက် အဖွဲ့သားဖြစ်ပါတယ်။

ကလော့ပ်ရဲ့ နောက်ဆုံး ဘောလုံးရာသီ စီးရီးကို အခုချိန်ထိ ပြသမယ့် ရုပ်သံ အတည်မပြုထားသေးပါဘူး။ ၈ ပိုင်းပါ စီးရီးကို နောက်ရာသီ မစခင် ပြသဖို့ ရည်ရွယ်ထားတာပါ။

ဝက်စ်ဟမ်းပွဲမှာ ဂက်ပို ဂိုးသွင်းမယ့် အခွင့်အရေးကို တားဆီးခဲ့တာအတွက် ဒိုင်လူကြီး အန်တိုနီ တေလာကို ဝေဖန်မှုတွေ ရှိလာပါတယ်။ ဝက်စ်ဟမ်း ဂိုးသမားက ဘောလုံးကို လက်နဲ့ကိုင်ကာ ရှေ့ကို ပစ်ထုတ်ခဲ့ချိန် ဂက်ပိုက ပြေးပိတ်ဖို့ ဝင်သွားခဲ့ရာမှာ ဒိုင်လူကြီးက တားဆီးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ထရန့်နဲ့ ဗန်ဒိုက်ကို စာချုပ်သစ်ပေးလိုနေသလို မိုဆာလာကို အနည်းဆုံး ၂၀၂၆ ခုနှစ်ထိ ဆက်ရှိနေစေမယ့် ၁ နှစ် သက်တမ်းတိုး စာချုပ်ပေးဖွယ် ရှိပါတယ်။

လီဗာပူးနဲ့ ဆာလာတို့ဟာ ရာသီကုန်မှာ အသေးစိတ် စကားပြောမှု ပြုလုပ်ကြမှာဖြစ်ကာ ရေတို ရေရှည်အတွက် ညိနှိုင်းကြမယ်လို့ သိရပါတယ်။

ဒီနွေမှာ ဒါဝင်၊ ဆာလာ၊ ဒီယက်ဇ်တို့ကို ဆက်ထိန်းထားဖို့ လီဗာပူးဘက်က ပြင်ဆင်နေသလို တိုက်စစ်မှူးသစ်လည်း ဆက်ရှာနေတာကြောင့် ကလပ်ရဲ့ အစီအမံတွေဟာ အခြေအနေတိုင်းအတွက် အသင့်ဖြစ်နေအောင် လုပ်ဆောင်မယ်လို့ နားလည်ရပါတယ်။

ဖီယင်နု ကစားသမားအချို့က လီဗာပူးအသင်းထံ ပြောင်းလာလိုနေကြောင်း နယ်သာလန် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

နယူးကာဆယ် တိုက်စစ်မှူး အိုင်ဆက်ဟာ လီဗာပူး ပစ်မှတ်ထားနေတဲ့ တိုက်စစ်သမားများ စာရင်းထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။

နွေစျေးကွက်ကနေ လီဗာပူးအသင်း ဦးစားပေး ခေါ်ယူမှာက ခံစစ်မှူးဖြစ်ကာ အဆိုပါ ပလန်ကို အခုချိန်ထိ မပြောင်းလဲသေးပါဘူး။