အသစ်ခေါ်မယ့် တိုက်စစ်သမားက တောင်ပံလူဖြစ်မည်၊ ထရတ်ဖိုဒ့်ကို ခေါ်ချင်နေခြင်း၊ ဒီယက်ဇ်အတွက် ပြင်ဆင်ထားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ရာသီကုန်မှာ အမိုးဖွင့်ကားနဲ့ မြို့ပတ်မယ့် ပလန်ကို လီဗာပူးအသင်းဘက်က ဆိုင်းငံ့ထားပါတယ်။ အသင်းဟာ ဒီရာသီ ကာရာဘောင်းဖလား အနိုင်ရထားကာ ကနဦးမှာ ကလော့ပ်ကို အမိုးဖွင့်ကားနဲ့ မြို့ပတ် ဂုဏ်ပြုဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကိစ္စတွေကြောင့် ရပ်နားထားတာပါ။

ဒီနွေမှာ လီဗာပူးအသင်းဟာ အန်ဒိုကို ဘွန်ဒက်လီဂါထံ ပြန်လည် ရောင်းချတာမျိုး ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းက လိဒ်စ်ယူနိုက်တက် တောင်ပံသမား ဆမ်းမာဗယ်လာကို သဘောကျပါတယ်။ ဒါပေမယ့် ခေါ်ယူဖို့ အသေအချာကြီး စဉ်းစားနေတာမျိုး မဟုတ်ပါဘူး။

မန်စီးတီး အကယ်ဒမီထွက်နဲ့ လက်ရှိ ဘန်လေဂိုးသမား James Trafford ကို ကလယ်ဟာနေရာ အစားထိုးဖို့ လီဗာပူးအသင်း ခေါ်ယူလိုနေပါတယ်။

နွေစျေးကွက်မှာ လီဗာပူးအသင်း ခေါ်ယူမယ့် တိုက်စစ်သမားဟာ အထောင်တိုက်စစ် မဟုတ်ဘဲ တောင်ပံဘက်ကို အားသန်သူဖြစ်ပါမယ်။

ဖာဘရီဂတ်စ်ကတော့ ကစားသမား တစ်ယောက် အနေနဲ့ ပရိသတ်ထုကြီးတစ်ခုအတွက် ကစားပေးခွင့်ရမယ်ဆိုရင် လီဗာပူးပရိသတ်တွေအတွက် ကစားပေးချင်မိတယ်လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်းဟာ ဘိုလော့ညာ မန်နေဂျာ သီယေဂို မော်တာကိုလည်း စုံစမ်းခဲ့သေးပေမယ့် ၎င်းက ဂျူဗင်တပ်ကိုပဲ ပြောင်းရွှေ့လိုကြောင်း သိနားလည်ခဲ့ပါတယ်။

ပီအက်စ်ဂျီဘက်က အလိုရှိနေခြင်းကြောင့် လီဗာပူးအသင်းဟာ ဒီယက်ဇ်ရဲ့ အနာဂတ်ကို အလေးအနက် စဉ်းစားမှု ပြုလုပ်လာမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ညာအစွန်လူ ထရန့်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ဆက်ရှိနေဆဲဖြစ်ကာ လက်တလောမှာတော့ လှုပ်ရှားမှု မရှိသေးပါဘူး။

မိုဆာလာဟာ အသင်းက အရာရာကို စိန်ခေါ်နိုင်နေတဲ့ အခိုက်အတန့်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ကလော့ပ် ကြေညာခဲ့တာကို နားမလည်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။