နွေအပြောင်းအရွှေ့မှာ ရောင်းချခံရဖွယ် ရှိလာတဲ့ လီဗာပူး အသင်းသား ၃ ဦး

လီဗာပူးအသင်းဟာ နည်းပြသစ်အတွက် လူစာရင်း ပြန်လည်ဖွဲ့စည်းရာမှာ အသင်းမှ ကစားသမား အချို့ကို ရောင်းချဖို့ ပြင်ဆင်ထားပါပြီ။

အတ်ဒရီယန်၊ သီယေဂို၊ မာတစ်တို့ အလွတ်နဲ့ ထွက်သွားဖို့ ရှိနေသလို ကစားသမား အချို့ကလည်း အရောင်းစာရင်း တင်ခံရမှာဖြစ်ပါတယ်။ အသင်းရဲ့ ပလန်တွေကို သေချာ မသိရသေးပေမယ့် ၃ ဦးကတော့ ရောင်းထုတ်ခံရမယ်လို့ သိရပါတယ်။

ပထမတစ်ဦးက ဂိုးသမား ကလယ်ဟာဖြစ်ကာ လက်ရွေးစင်အသင်းမှာ ပုံမှန် ပွဲကစားခွင့်ရဖို့ သူကိုယ်တိုင်ကလည်း အသင်းပြောင်းလိုနေပါတယ်။ လီဗာပူးအသင်းဟာ Homegrown ကစားသမားဖြစ်တဲ့ ကလယ်ဟာကို ရောင်းချပြီး သူ့နေရာ အစားထိုးဖို့ အင်္ဂလန်သား ဂိုးသမားအချို့ကို စိတ်ဝင်စားနေပါတယ်။

အသင်း ရောင်းချနိုင်တဲ့ထဲ အံ့အားသင့်စရာ ပါဝင်လာသူကတော့ ကွင်းလယ်လူ ဝါတာရုအန်ဒို ဖြစ်ပါတယ်။ လီဗာပူးဘက်ကတော့ ဒီနွေမှာ ကွင်းလယ်ခံစစ်သမားသစ် ထပ်မံ ခေါ်ယူသွားမှာပါ။ အန်ဒိုဟာ ဘွန်ဒက်လီဂါထံ ပြန်သွားနိုင်ပေမယ့် ထိုက်တန်တဲ့ ကမ်းလှမ်းမှု မရှိခဲ့ရင် အသင်းမှာ ဆက်ရှိနိုင်ပါတယ်။

၂၀၂၃ စက်တင်ဘာကမှ သက်တမ်းတိုးထားတဲ့ ဘယ်အစွန်လူ ကိုစတက်လည်း အသင်း ရောင်းချနိုင်သူတွေထဲ ပါဝင်လာပါတယ်။ ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် တစ်ဦးကို ခေါ်ယူရေးဟာ အသင်းရဲ့ ဦးစားပေး ပလန်ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်မှူး ဗန်ဒန်ဘတ်ကို မိန့်ဇ်ကနေ ပြန်ခေါ်ထားပြီး ဒီနွေမှာ အပြီးသတ် ရောင်းချတာ လုပ်လာနိုင်ပါတယ်။ နက်ဖီးလစ်ကိုလည်း ရောင်းချလိုနေကာ ချန်ပီယံရှစ်ကလပ် ဟူးစီးတီးက ခေါ်ယူသွားနိုင်တယ်လို့ သိရပါတယ်။

အသင်းဟာ လူငယ် ကြယ်ပွင့်တွေဖြစ်တဲ့ တေလာ မော်တန်နဲ့ ကာဗာရိုတို့ရဲ့ အနာဂတ်ကိုလည်း ဒီနွေမှာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။