လီဗာပူးအသင်းဟာ အသက် ၂၂ နှစ်အရွယ် အီကွေဒေါ ခံစစ်မှူး ဝီလီယမ် ပါချိုကို ဖရန့်ဖတ်ကနေ ခေါ်ယူဖို့ ရေပန်းစားလာနေပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၆၀ ဝန်းကျင် ရှိနိုင်ပါတယ်။
လီဗာပူးအသင်းနဲ့ စာချုပ် ၁ နှစ်ကျန်ရှိတဲ့ အသက် ၃၃ နှစ်အရွယ် ခံစစ်မှူး ဗန်ဒိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် အပြင် ဆော်ဒီကလပ် Al-Qadsiah အသင်းကလည်း စိတ်ဝင်စားမှုတွေ ပြသလာပါတယ်။
စပိန်သတင်းဌာနတွေနဲ့ ပလူးပလဲလုပ်နေတဲ့ ဒီယက်ဇ်ရဲ့ ဖခင်ကြောင့် ကစားသမားကို ဆက်ထိန်းနိုင်ရေး လီဗာပူးအတွက် အခက်အခဲ ရှိလာနိုင်ပါတယ်။
ဂိုးနည်းပြ ဂျွန်အက်တာဘက်ချ်ဟာ ၁၅ နှစ်ကြာအပြီး ဒီရာသီကုန်မှာတော့ အသင်းကနေ ထွက်ခွာသွားတော့မှာပါ။ အယ်လီဆန်ကတော့ ဂျွန်ကို လွမ်းနေတော့မှာပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။
အာနယ် စလော့ အနေနဲ့ လီဗာပူးကို ရောက်လာခဲ့ရင် နယ်သာလန်သား အစုအဖွဲ့ တည်ဆောက်ဖို့ ကြိုးစားတာကို ရှောင်ရှားဖို့ သတိပေးခံနေရပါတယ်။
တိုက်စစ်သမား ခူးဒက်စ်မှာ စာချုပ်ပါကြေး ရှိထားတယ်လို့ သိရပြီး လီဗာပူးအသင်းဟာ သူ့ကို စောင့်ကြည့်မှုတွေ ရှိထားပါတယ်။
လီဗာပူးအသင်းဟာ တောင်ပံသမား အချို့အတွက် စတင် ချိတ်ဆက်မှုတွေ ရှိနေပြီး နွေစျေးကွက်အတွက် ပြင်ဆင်မှုတွေ လုပ်နေပါပြီ။
ယူ-၂၁ အသင်း ခံစစ်မှူး ကာတာဟာ အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့တာကြောင့် အသင်းမှာ အနာဂတ်ရှည် ရှိနေပါတယ်။
ပရီးမီးယားလိဂ်ဘက်ကတော့ လာမယ့်ရာသီမှာ VAR ဆုံးဖြတ်မှုတွေကို Live ကနေ ပြဖို့ စီစဉ်နေပါတယ်။
လူငယ် ကွင်းလယ်လူ ဘော်ဘီကလက်ဟာ ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရပြီဖြစ်ပါတယ်။
လီဗာပူးရဲ့ တောင်ပံပစ်မှတ်တွေထဲ နောက်ဆုံး ပါဝင်လာသူကတော့ နာပိုလီမှ ကာဗာရာပဲ ဖြစ်ပါတယ်။