Liverpool Disabled Supporters အဖွဲ့ကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဒါဝင်က ရရှိပြီး အကောင်းဆုံး လူငယ်ဆုကို ဘရတ်ဒလေက ရရှိပါတယ်။
ဘောလုံးရာသီ မပြီးသေးပေမယ့် လာမယ့်ရာသီအတွက် လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ သေချာခဲ့ပြီဖြစ်ပါတယ်။
ဗန်ဒိုက်ရဲ့ အခြေအနေကို ကလပ်အချို့က စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် လီဗာပူးက သူ့ကို စာချုပ်သစ် ပေး မပေးအား နွေမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။
ကော်နာ ဘရတ်ဒလေဟာ စပါးပွဲကြို လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာပြီ ဖြစ်ပါတယ်။ ပွဲထွက်လူစာရင်းမှာတော့ ပါနိုင်ဖွယ် မရှိသေးပါဘူး။
ကလောပ့်နဲ့ ပြဿနာတတ်ထားတဲ့ မိုဆာလာဟာ အသင်းရဲ့ လေ့ကျင့်ရေးမှာ ပျော်ပျော်ရွှင်ရွှင် ပြန်လည် ပါဝင်နေပါတယ်။
ဘောလုံးဆိုင်ရာ စိစစ်ရေးသမားတွေကတော့ အာနယ် စလော့ဟာ လီဗာပူးအသင်းမှာ လိုက်လျောညီထွေရှိတဲ့ ကစားဟန်တစ်ခုကို ခပ်မြန်မြန် ရှာဖွေနိုင်မယ်လို့ ဖော်ပြနေပါတယ်။
ကလော့ပ်ကို ဂုဏ်ပြုလိုတာကြောင့် လီဗာပူးပရိသတ်တွေဟာ အန်ဖီးကွင်းမှာ အလံတွေ ပြန်လည် လွှင့်ထူသွားကြဖို့ ကြံရွယ်နေကြပါတယ်။
ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာဖို့ ဂိုးမက်စ်ကလည်း စဉ်းစားနေတာကြောင့် လီဗာပူးအသင်းဟာ homegrown ကစားသမား ပြဿနာကို ပြန်လည် ရင်ဆိုင်ရနိုင်ပါတယ်။
အိုဆင်မန်ကို လီဗာပူးအသင်း စိတ်ဝင်စားနေကြောင်း သတင်းတွေက အီတလီဘက်က လာနေခြင်းဖြစ်ကာ အင်္ဂလန်သတင်းထောက်တွေကတော့ တိတ်ဆိတ်နေဆဲဖြစ်ပါတယ်။
လီဗာပူး၊ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ ခံစစ်မှူး ဂူဟီအတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရနိုင်မယ်လို့ ပဲလေစ့်ဘက်က မျှော်လင့်နေပါတယ်။
လီဗာပူးအသင်းဟာ အီတလီစျေးကွက်မှ ကစားသမား အချို့ကို စောင့်ကြည့်မှုတွေ လုပ်နေပြီး အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်ဟာ စီးရီးအေဘက်ကို ရင်းနှီးမှုရှိသူ ဖြစ်ပါတယ်။