ရာသီကုန် ထွက်တော့မှာဆိုပြီး မီဒီယာတွေ့ဆုံမှုမှာ ရှယ်ဖြဲနေတဲ့ နည်းပြကလော့ပ်

လီဗာပူးနည်းပြကလော့ပ်က ဒီရာသီ ဥရောပမှာ အင်္ဂလန်ကလပ်တွေ မအောင်မြင်တာဟာ ပရီးမီးယားလိဂ်ကလပ်တွေ ရင်ဆိုင်ရတဲ့ ပွဲကြပ်တွေကြောင့်ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒီရာသီ လီဗာပူး တစ်သင်းတည်း ရှိသမျှ ၁၂ ခွဲ ပွဲစဉ်အားလုံးကို သိမ်းကြုံးကစားပေးရတာကို အရမ်းတင်းနေတဲ့ ကလော့ပ်ကတော့ “ဒါဟာ ရာဇဝတ်မှုဖြစ်ကြောင်းနဲ့ လူအခွင့်အရေး စောင့်ကြည့်သူတွေ ဝင်ပါ အရေးယူသင့်တယ်” လို့တောင် ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

အင်္ဂလန်ကလပ်တွေ မအောင်မြင်တာ ရုပ်သံကြောင့်လို့ တိုက်ရိုက် ဝေဖန်ခဲ့ကာ လီဗာပူးကနေ ထွက်ခွာနီး လူအိုတစ်ယောက်ပေးတဲ့ သတိပေးစကားလို့ မှတ်ပါဆိုပြီး အခုလိုပါ ပြောသွားခဲ့ပါတယ်။

ကလော့ပ်က ” အက်စတွန်ဗီလာအသင်း ဥရောပမှာ ၄-၂ နဲ့ ရှုံးသွားတော့ ဒီရာသီ အင်္ဂလန်ကလပ် တစ်သင်းမှတောင် ဥရောပဖိုင်နယ် မကစားရတော့ဘူးထင်တယ်။

ကျနော်တို့တွေ ကစားသမားတွေရဲ့ စိတ်ပြင်းပြမှုကို လျော့ကျအောင် လုပ်နေမိသလား မေးခွန်းထုတ်ရပါမယ်။ အင်္ဂလန်ကလပ်တွေ တစ်သင်းမှ ဖိုင်နယ်ကို မရောက်တာဟာ ကျနော်တို့တွေ ခြေစွမ်း မကောင်းလို့လား?

ပရီးမီးယားလိဂ်က အကောင်းဆုံးလိဂ်ပါ၊ အလွန်အကျူး တင်စားခံနေတာ မဟုတ်ဘဲ ကစားသမားတွေက အလွန်အကျွံ ကစားပေးနေရတာ။ ဒီကစားသမားတွေအတွက် တစ်ယောက်ယောက်က ပွဲစဉ်တွေ လျော့ချပေးဖို့ လိုနေပါတယ်။

နောက်ရာသီ ချန်ပီယံလိဂ်ပွဲ ၂ ပွဲ ပိုကစားရတော့မယ့် အချိန်မှာ မင်းတို့ လိဂ်ဖလားပွဲကို လျော့ပေးလို့ရပါတယ်။ ကျနော် TNT နဲ့ စကားပြောခဲ့တယ်။ မင်းတို့ ရုပ်သံကိုလည်း ဘယ်တော့မှ မကြည့်တော့ဘူးလို့။

သူတို့ဘက်က သူတို့ရုပ်သံက ကျနော်တို့ ဘောလုံးကစားနိုင်ဖို့ ပိုက်ဆံပေးထားတာလို့ ပြောတယ်။ သူတို့ မြင်သလို ကျနော်တော့ မမြင်ပါဘူး။ ဘောလုံးအားကစားက သူတို့ ပိုက်ဆံရအောင် ဖန်တီးပေးထားတာပါ ” လို့ ပြောခဲ့တာဖြစ်ပါတယ်။