လီဗာပူးမန်နေဂျာရာထူးကို လက်လွတ်ရခြင်းအတွက် စပို့တင်းနည်းပြ အမ်မိုရင်းနဲ့ သူ့ရဲ့ အေးဂျင့်တို့ရဲ့ မပါးနပ်တဲ့ လုပ်ကွက်ကို ပေါ်တူဂီသတင်းဌာနတွေက ခေါင်းစီးသတင်းကနေ ဝေဖန်လိုက်ပါတယ်။
ကလော့ပ်နေရာ အစားထိုးဖို့ လီဗာပူးအသင်းဟာ ဥရောပ အလားအလာရှိ နည်းပြများစွာကို စောင့်ကြည့် အကဲဖြတ်အပြီးမှာ လျာထားစာရင်းအဖြစ် အမ်မိုရင်း၊ အာနယ် စလော့တို့ကို ရွေးချယ်ခဲ့တာပါ။
လီဗာပူးအသင်းဘက်က ကလပ်ရဲ့ လျာထားနည်းပြတွေကို စကားပြောလာပြီး အာနယ် စလော့ပ်ကို ပိုသဘောကျရိပ် ပြသလာတဲ့ တချိန်တည်းမှာ အမ်မိုရင်းက အန်ဖီးကလပ် တာဝန်ရှိသူတွေကို ဖိအားပေးလိုဇောနဲ့ ဝက်စ်ဟမ်းအသင်းကို ခွပြီး စကားသွားပြောဖို့ အင်္ဂလန်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီသတင်းဌာန Record ကတော့ အေးဂျင့်ဖြစ်သူရဲ့ မပါးနပ်မှုမှာ အမ်မိုရင်းရဲ့ လီဗာပူးအိပ်မက်ဟာ တံလျှပ်အဖြစ်နဲ့ ပျောက်ကွယ်ခဲ့ရတယ်လို့ ပေါ်တူဂီသားတို့ကို ခေါင်းကြီးသတင်းကနေ ဝေဖန် ရေးသားခဲ့ပါတယ်။
၎င်းသတင်းမှာပဲ အမ်မိုရင်းဟာ အရည်အချင်းရှိတဲ့ နည်းပြဆိုပေမယ့် လီဗာပူးလို ကလပ်အသင်းကြီးကို ကိုင်တွယ်ဖို့ သိပ်နုလွန်းနေတာကိုလည်း မြင်သာစေခဲ့တယ်လို့ ထောက်ပြသွားပါတယ်။
နည်းပြတွေကို အပြိုင် ချိတ်ဆက် စကားပြောခြင်းနဲ့အတူ ဖိအားတွေကို သူတို့ ဘယ်လို တုန့်ပြန်ကြသလဲ စောင့်ကြည့်ခြင်းဟာ ကလော့ပ်နေရာ ဆက်ခံမှုသူအတွက် လီဗာပူးရဲ့ ပထမဆုံးသော စမ်းသပ်မှုကြီးဖြစ်ခဲ့တာပါ။
ဒီစမ်းသပ်မှုမှာ အာနယ် စလော့ စာမေးပွဲအောင်ခဲ့ပေမယ့် အမ်မိုရင်းကတော့ ကျရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဘက်က အာနယ်ကို လုပ်ပိုင်ခွင့်တွေ အရမ်း မတောင်းဆိုဘဲ လေ့ကျင့်ရေးမှာ ကစားသမားတွေ တိုးတက်ရေး အာရုံစိုက်ပေးဖို့ကို အသိပေးထားပါတယ်။
အတိတ်က အပြောင်းအရွှေ့တွေကို ပြန်ကြည့်မယ်ဆိုရင် လီဗာပူးအသင်းဟာ နည်းပြတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားပေးလေ့ ရှိတာပါတယ်။
ဒီနွေမှာလည်း အာနယ်အတွက် ထရန့်၊ ဆာလာတို့ကို ဆက်ထိန်းပေးဖို့ ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။