ရာသီကုန်မှာ အမိုးဖွင့်ဘက်စ်နဲ့ မြို့ပတ်မှာ မဟုတ်တဲ့ လီဗာပူးရဲ့ ဆုံးဖြတ်ချက်ကို ကလော့ပ်က အပြည့်အဝ သဘောတူခဲ့ပါတယ်။
ကာဗာရိုကတော့ သူဟာ နံပါတ် ၁၀ နေရာမှာ ပိုမိုအားသန်တဲ့ ဘယ်တောင်ပံသမား ဖြစ်ပြီး ဒီယက်ဇ်နဲ့ ကစားပေါက် မတူပါကြောင်း ရှင်းပြလာပါတယ်။
ဒီရာသီမှာ VAR လုပ်ခဲ့တဲ့ အမှားကြီး ၅ ခုထဲက ၃ ခုဟာ လီဗာပူးအသင်းကို ဆန့်ကျင်ပြီး ပြိုင်ဘက်တွေကို အသာ ပေးခဲ့တာဖြစ်ပါတယ်။
အာနယ် စလော့က သူ့အတွက် ဗဟိုခံစစ်မှူးသစ် ၂ ဦး ခေါ်ယူပေးဖို့ လီဗာပူးကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ မာတစ်၊ ဂိုးမက်စ်တို့ ထွက်ခွာဖို့ ရှိတာနဲ့အတူ အသင်းရဲ့ ခံစစ်က အားနည်းမှုတွေ ရှိနေတာပါ။
ယူရို ၂၀၂၄ မှာ ပြိုင်ပွဲဝင်အသင်းတွေက အသင်းသား ပိုမို ခေါ်ယူခွင့်ရလာနိုင်တာကြောင့် ဟာဗေး၊ ဂျုံးနဲ့ ဂရာဗင်ဘက်ချ်တို့ သက်ဆိုင်ရာ လက်ရွေးစင်တွေမှာ နေရာရနိုင်တယ်လို့ သုံးသပ်ခံနေရပါတယ်။
ဟူးစီးတီးမှာ အငှားထွက်နေတဲ့ ကာဗာရိုနဲ့ မော်တန်တို့အတွက် ဒီရာသီက ပြီးဆုံးခဲ့ပါပြီ။ ဟူးစီးတီးဟာ ချန်ပီယံရှစ်မှာ အဆင့် ၇ ပဲ ရခဲ့တာကြောင့် play-off ပွဲတွေ ကစားခွင့် မရပါဘူး။
နွေမှာ အသင်းကနေ ထွက်နိုင်တဲ့ လူငယ်ကြယ်ပွင့်တွေ အများအပြား ရှိနေပြီး မနှစ်ကမှ ခေါ်ယူခဲ့တဲ့ ကယ်ဗင် ရမ်ဆေးကလည်း သူတို့ထဲက တစ်ဦး အပါအဝင်ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ လာလီဂါကလပ် Las Palmas အသင်းမှ အသက် ၂၀ အရွယ် တောင်ပံသမား Alberto Moleiro ကို စောင့်ကြည့်နေတာ လအနည်းငယ် ရှိနေပါပြီ။
လိဂ်ဝမ်းကို တန်းတက်လာတဲ့ Wrexham အသင်း အကြီးအကဲကတော့ လာမယ့်ရာသီအတွက် သူ အခေါ်ချင်ဆုံး ကစားသမားက ဝါတာရု အန်ဒိုပါလို့ ထုတ်ပြောခဲ့ပါတယ်။