လီဗာပူး ၄-၂ စပါး ပွဲစဉ်ရဲ့ ပရိသတ်ပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို ဟာဗေးက ရရှိသွားပါတယ်။
လီဗာပူးကို ၄-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်နေတာကို မြင်ရတာ နာကျင်ရတယ်လို့ စပါးနည်းပြက ဝန်ခံပါတယ်။ ဒီပွဲကြောင့်ပဲ သူတို့ရဲ့ ချန်ပီယံလိဂ် အိပ်မက်က ပျောက်ဆုံးသလောက် ဖြစ်သွားခဲ့ပါတယ်။
စပါးကို အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ လီဗာပူးအသင်းဟာ အနည်းဆုံး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှတ် ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
စပါးကို ရင်ဆိုင်ရာမှာ ကိုယ်တိုင် ၁ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်ခဲ့တဲ့ ဂက်ပိုဟာ သူ့ကို ယုံကြည်မှုပေးရင် ခြေစွမ်းပြနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။
ဒါဝင် နူးညက်စ်ဟာ အင်စတာဂရမ်မှာ တင်ထားတဲ့ လီဗာပူးနဲ့ သက်ဆိုင်တဲ့ ပုံရိပ်တွေကို ဖြုတ်ချလိုက်ပါတယ်။ ဒီတလော လူမှုကွန်ယက်မှာ အတော်လေး ဆဲခံနေတာကြောင့် အခုလို လုပ်ဆောင်တာလို့ ယူဆရပါတယ်။
ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဘာ့ဂျ်ဆဲတစ်ဟာ ပွဲကြီးတွေကို ကောင်းကောင်းကစားဖို့ လုံလောက်တဲ့ အရှိန်မျိုး မရသေးဘူးလို့ ကလော့ပ်က ဝန်ခံလိုက်ပါတယ်။
လီဗာပူးဘက်ကတော့ တရက်မှာ ပပ်လင်ဒါးက အသင်းထံ ပြန်လာဖို့ကို မျှော်လင့်ထားတယ်လို့ သိရပါတယ်။ နှုတ်ထွက်ခါနီး နည်းပြတစ်ဦးကို လူမှုရေးဆန်ဆန် နှုတ်ဆက်ခြင်းထက် တကယ်ကိုပဲ လင်ဒါးပြန်လာဖို့ မျှော်လင့်နေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
ဖီယင်နု ပရိသတ်တွေက သူတို့အသင်းရဲ့ ပွဲမှာ စလော့အတွက် မက်တပ်ရပ်ကြ ဆိုတဲ့ သီချင်းကို အော်ဟစ်ရင်း နည်းပြကို နှုတ်ဆက်မှု ပြသကြပါတယ်။