လီဗာပူးအသင်းဟာ မန်နေဂျာသစ်ကိစ္စကို ကြိုးစားနေတာမို့ သူနဲ့ စာချုပ်သစ် ဆွေးနွေးနေခြင်း မရှိသေးကြောင်း ဗန်ဒိုက်က ထုတ်ပြောပါတယ်။
ဖီယင်နု ပရိသတ်တွေက နည်းပြအာနယ် စလော့ကို ဂန္တဝင်တစ်ယောက်လို နှုတ်ဆက်မှု လုပ်နေကြပါတယ်။ အာနယ်ဟာလည်း ဖီယင်နုမှာ နောက်ဆုံး အိမ်ကွင်းပွဲ ၁ ပွဲ ကျန်ရှိမှာဖြစ်ပါတယ်။
ကာလရှည် အနားယူရအပြီး စီနီယာပွဲစဉ် ပြန်ကစားရလို့ သိပ်ပျော်ရွှင်ကြောင်း စတီဖန် ဘာ့ဂျ်ဆဲတစ်က ထုတ်ပြောပါတယ်။
ဒီရာသီ လီဗာပူးရဲ့ အတိုးတက်ဆုံး ကစားသမားက ဟာဗေး အယ်လီးယော့ဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။
ကလော့ပ် နှုတ်ဆက်မှု documentary စီးရီးမှာတော့ လီဗာပူးအသင်းဟာ ပက်ဂွာဒီယိုလာ၊ ဆာအဲလက်စ်တို့လို နည်းပြတွေနဲ့ အင်တာဗျူးတွေပါ ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ စပို့တင်းနည်းပြ အမ်မိုရင်းကို ကျော်ပြီး လိုပတ်တီဂူကို မန်နေဂျာသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ထားပြီဖြစ်ပါတယ်။ အမ်မိုရင်းဟာ လီဗာပူးနည်းပြဖြစ်လာဖို့ ဝက်စ်ဟမ်းကို အသုံးချခဲ့ပေမယ့် နှစ်သင်းလုံးရဲ့ ငြင်းဆန်ခြင်း ခံလိုက်ရတာဖြစ်ပါတယ်။
အာနယ် စလော့ကတော့ နယ်သာလန်ကလပ်က ကစားသမားတွေကို လီဗာပူးထံ ခေါ်ယူမယ်လို့ အာမခံချက် မပေးပါဘူး။
လူမှုကွန်ယက်ကနေ လီဗာပူးပရိသတ် အများအပြားက ဒါဝင် နူးညက်စ်ရဲ့ ဂိုးပေါက် လွဲချော်မှုတွေအတွက် ဝေဖန်တိုက်ခိုက်တဲ့ မက်ဆေ့စကားတွေ ပေးပို့ကြတာကြောင့် တိုက်စစ်သမားဟာ အင်စတာဂရမ်က လီဗာပူးနဲ့ သက်ဆိုင်တာတွေကို ဖယ်ထုတ်ထားခဲ့တာလို့ သိရပါတယ်။
ဒီနွေအတွက် လီဗာပူးရဲ့ အဓိက ပစ်မှတ်ဟာ ဗဟိုခံစစ်မှူးသစ်ဖြစ်ပြီး တိုက်စစ်သမား ခေါ်ယူဖို့ကိုလည်း ထက်သွင်းထားတယ်လို့ ရိုမန်နိုက နောက်တစ်ကြိမ် ထုတ်ပြောပါတယ်။
၂၀၁၉ မေလ ၇ ရက် ဒီလိုနေ့မှာ ဘာစီလိုနာ ကွင်းလယ်လူ ဘက်စ်ကွက်ဟာ လီဗာပူးပွဲအတွက် အဆင်သင့်ဖြစ်ပြီလို့ တွစ်တာမှာ ပိုစ့်တင်ခဲ့ပြီး အဲ့တာကပဲ သူ နောက်ဆုံး အသုံးပြုခဲ့တဲ့ တွစ်တာ ပိုစ့်ဖြစ်ပါတယ်။