အာနယ် စလော့ လီဗာပူးအသင်းကို ပြောင်းလာတော့မှာဖြစ်တာကြောင့် ဖီယင်နု ကစားသမားအချို့ကလည်း အန်ဖီးထံ ရောက်လာမယ်လို့ သတင်းကြီးမှုတွေ ရှိနေပါတယ်။
သူတို့ထဲက တစ်ဦးဖြစ်တဲ့ စွယ်စုံရ ခံစစ်သမား ဂီယာထရီဒါဟာ လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ ၂-၂ သရေကျတဲ့ပွဲကိုပါ တက်ရောက် ကြည့်ရှုမှု လုပ်ထားခဲ့ပါတယ်။
အာနယ် စလော့ရဲ့ အယုံကြည်ရဆုံး ကစားသမားဖြစ်သလို လက်ထောက် အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂီယာထရီဒါကို ခေါ်ယူလိုတဲ့ ကလပ်တွေ ရှိနေပေမယ့် လီဗာပူးအသင်းကတော့ အခုချိန်ထိ ဆွေးနွေးမှု မစတင်ထားဘူးလို့ သိရပါတယ်။
နယ်သာလန်သတင်းဌာနတွေကပဲ ဂီယာထရီဒါဟာ အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဆမ်မာဗီလာရဲ့ လိဒ်စ်ယူနိုက်တက်ပွဲကို ကြည့်ဖို့ အင်္ဂလန်ကို သွားခဲ့တာဖြစ်ကာ ဝက်စ်ဟမ်းပွဲကို လမ်းကြုံ ဝင်ကြည့်ခဲ့တာလို့ ဆိုပါတယ်။
နယ်သာလန်သား ခံစစ်သမားကို ခေါ်ယူဖို့ ကလပ်အများကြီးက စိတ်ဝင်စားနေကာ လီဗာပူးကလည်း အဲ့ထဲက တစ်သင်းဖြစ်ပါတယ်။
ဒါပေမယ့် ညာအစွန်ကနေ ကစားသမားဘဝ စတင်လာပြီး ဘယ်အစွန်လူ၊ ကွင်းလယ်ခံစစ်သမားအဖြစ် နေရာစုံ ကစားနိုင်တဲ့ ဂီယာထရီဒါဟာ လီဗာပူးအသင်း အထူးသဘောကျ ရွေးချယ်လောက်တဲ့ ကစားသမားမျိုးတော့ မဟုတ်ဘူးလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
လီဗာပူးကတော့ မာတစ် ထွက်ခွာမယ့် ခံစစ်နေရာကို အားဖြည့်ဖို့ ရည်ရွယ်ထားကာ အရည်အတွက်ထက် အရည်အချင်းကို ပိုမို ဦးစားပေးသွားမှာပါ။ လီဗာပူးလိုချင်တဲ့ ခံစစ်သမားဟာ ဂီယာထရီဒါထက် ပိုကောင်းတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ စပို့တင်းမှ Ousmane Diomande နဲ့ ဖရန့်ဖတ်မှ Willian Pacho တို့ကိုလည်း သဘောကျမှု ရှိတယ်လို့ သိထားရပါတယ်။