ကလော့ပ် နှုတ်ဆက်ပွဲကို တက်ရောက်မယ့် FSG အဖွဲ့၊ ယူရို သန်း ၅၀ တန် တောင်ပံသမား၊ ဂျရတ်ထံ သွားပူးပေါင်းမယ့် ဂိုးနည်းပြနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

FSG ရဲ့ အဓိက ထောက်တိုက်တွေဖြစ်တဲ့ ဂျွန်ဟင်နရီ၊ တွမ်ဗာနာ၊ မိုက်ဂေါ်ဒန်တို့ဟာ ကလော့ပ်ရဲ့ နှုတ်ဆက်ပွဲကို တက်ရောက် အားပေးမှာဖြစ်ကာ နည်းပြအပေါ် လေးစားမှု ပြသသွားမယ်လို့ သိရပါတယ်။

အင်စတာဂရမ်မှာ လီဗာပူးပိုစ့်တွေ ဖျက်လိုက်တာကြောင့် ဂယက်ထနေချိ်န်မှာ ဒါဝင်က လက်ရွေးစင်အသင်းဖော်ဟောင်း ဆွာရက်စ်ဇ်နဲ့ အပြန်အလှန် မှတ်ချက်ပေးမှု လုပ်ခဲ့ပါတယ်။

၂၀၁၃ တုန်းက ကလော့ပ်နဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ နှစ်တွေကြာလာအပြီး ဒီရာသီမှာ နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်သွားပါပြီ။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒီဖိုးကတော့ ဂျိုတာဟာ လီဗာပူးအသင်းရဲ့ အကောင်းဆုံး အဆုံးသတ်သမားလို့ မှတ်ချက်ပေးပါတယ်။

ကလော့ပ်က စာချုပ်သစ်ရနိုင်ကြောင်း မှတ်ချက်ပေးထားပေမယ့် လီဗာပူးဘက်က မာတစ်ကို အလွတ်နဲ့ပဲ ထွက်ခွင့်ပေးဖို့ စဉ်းစားထားပါတယ်။

အသင်းကနေ ထွက်ခွာသွားမယ့် ဂိုးနည်းပြ အက်ချ်တာဘက်ဟာ စတီဗင်ဂျရတ်ရှိရာ ဆော်ဒီကလပ်ထံ ပြောင်းရွှေ့သွားတော့မှာပါ။

လီဗာပူးရဲ့ အာရုံကျမှုဟာ ပီအက်စ်ဗီ တိုက်စစ်သမား ဘာကာယိုကိုထံ ဦးလှည့်နေပါတယ်။ ဘယ်ဂျီယံတိုက်စစ်သမားဟာ ဒီရာသီမှာ သွင်းဂိုး ၂၃ ဂိုးအတွက် ပါဝင် ပတ်သက်ထားပြီး သူ့အတွက် ယူရို သန်း ၅၀ ထိ တောင်းဆိုခံရနိုင်ပါတယ်။

လီဗာပူးက စောင့်ကြည့်မှုလုပ်နေတဲ့ ပဲလေစ့်အသင်းမှ အိုလစ်ကို ခေါ်ယူဖို့ နယူးကာဆယ်က ကြိုးစားသွားဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ၄ မှတ်လျော့ ပြစ်ဒဏ်ကို အယူခံဝင်ဖို့ ဖောရက်စ်ဘက်က ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။

ဘောလုံးကမ္ဘာကြီးက ပြောင်းလဲသွားဟန် ရှိပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က မိုဆာလာကို ဝေဖန်သူတွေအား အဲ့လို မလေးမစား မလုပ်သင့်ကြောင်း တုန့်ပြန်နေချိန် လီဗာပူး နာမည်ကျော် ဖန်အကောင့်တွေက ဆာလာအပေါ် တိုက်ခိုက်မှုတွေကို မျက်ကွယ်ပြုနေကြပါတယ်။