လီဗာပူးအသင်းက အာနယ် စလော့ကို နည်းပြသစ်အဖြစ် ရွေးချယ်တဲ့ အဓိက အချက်

ကလော့ပ်နေရာ ဆက်ခံဖို့ နည်းပြသစ် ရွေးချယ်ရာမှာ လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကိုယ်ပိုင် စံနှုန်းတွေဖြင့် အကဲဖြတ်မှုလုပ်ခဲ့ကြောင်း မာဆေးဆိုဒ်သတင်းထောက် Neil Jones က ပြောပါတယ်။

လီဗာပူးအသင်းက အာနယ် စလော့ကို နည်းပြအဖြစ် ရွေးချယ်ခြင်းဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ညစ်ထုတ်နိုင်တဲ့ ဦးဆောင်နိုင်စွမ်းကြောင့် ဖြစ်တယ်လို့ ပြောပြလာခဲ့တာပါ။

Neil Jones က ” အမ်မိုရင်းကို လီဗာပူးက အရမ်းသဘောကျတာလို့ သတင်းတွေထွက်နေပေမယ့် ကျနော်တို့ရဲ့ လီဗာပူးသတင်းရင်းမြစ်တွေက အဲ့ကိစ္စကို အမြဲတမ်း ငြင်းခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ အမ်မိုရင်းကြား စကားပြောမှုက တိုးတက်တဲ့အဆင့်ကိုတောင် ဘယ်တုန်းကမှ မရောက်ခဲ့ပါဘူး။

လီဗာပူးက အမ်မိုရင်းအပြင် အခြားသော ပစ်မှတ်တွေဖြစ်တဲ့ ဒီဇာဘီ၊ ဂယ်ရီအိုနေး၊ အူနိုင်း အမ်မရီတို့ကိုလည်း ဒီလိုပဲ လေ့လာခဲ့တာပါပဲ။

အားလုံးထဲမှာ စလော့ကို ရွေးချယ်ရတာကတော့ သူဟာ ကလပ် ၂ သင်းနဲ့အတူ အောင်မြင်မှုတွေရခဲ့လိုပါပဲ။ အဲ့ ၂ သင်းလုံးကလည်း စလော့ရဲ့ ကြိုးစားပေးမှုကြောင့် ထိုးတက်လာခဲ့တာပါ။

စလော့ဟာ အသုံးစရိတ်နည်းနည်းနဲ့ လုပ်ခသိပ်မများတဲ့ ကစားသမားတွေကို ကိုင်တွယ်ရင်း ရှင်းရှင်းလင်းလင်း သတ်မှတ်မှုရှိတဲ့ ကစားဟန်ကို ကစားနိုင်သလို ဆက်သွယ်ပြောဆိုနိုင်စွမ်း သိပ်ကောင်းပါတယ်။

ဒီအချက်တွေကြောင့်ပဲ မပြည့်စုံမှုတွေ ရှိပေမယ့်လို့ စလော့ဟာ အသင်းရွေးရမယ့်သူဆိုပြီး လီဗာပူးက ရွေးထုတ်ခဲ့တာဖြစ်ပါတယ် ” လို့ ရှင်းပြသွားတာ ဖြစ်ပါတယ်။