ကမ္ဘာ့ စတုတ္ထ တန်ကြေးအကြီးဆုံးအသင်း၊ လူငယ် ခံစစ်မှူးခေါ်ယူဖို့ ရှိခြင်း၊ ခူးဒက်စ်ရဲ့ စာချုပ်ပါကြေး ပေါင် ၈၅ သန်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးနဲ့ ၁ ကြိမ်အောင်မြင်တာဟာ အခြားအသင်းနဲ့ ၅ ကြိမ်အောင်မြင်သလိုပဲလို့ ကလော့ပ်က ဆိုပါတယ်။

ဒါဝင် နူးညက်စ်ဟာ ဒီတလော အားလပ်ရက်ရထားပြီး မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေပါတယ်။

ဆိုဘိုစလိုင်ကတော့ ဝေဖန်မှုတွေနဲ့ ပတ်သက်လာရင် သူ့အဖေရယ် သူ့ရဲ့ နည်းပြဖြစ်သူရယ် ထောက်ပြတာကိုပဲ နားထောင်တယ်လို့ ထုတ်ပြောပါတယ်။ ဒါ့အပြင် သူ့ထက် သမ္ဘာပိုကြီးတဲ့ အသင်းဖော်တွေရဲ့ အကြံပေးမှုကိုလည်း ဂရုစိုက်တယ်လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ တန်ကြေးအကြီးဆုံး ကမ္ဘာ့ကလပ်များစာရင်းမှာ လီဗာပူးက စတုတ္ထနေရာကနေ ဒေါ်လာ ၅.၁၁ ဘီလျံဖြင့် ရှိနေပါတယ်။ ဒါဟာ မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နောက် တတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

ကာဗာရိုကတော့ သူအတွက် စံပြကစားသမားဟာ ကော်တင်ညိုဖြစ်ကြောင်း ထုတ်ဖော်လိုက်ပြီး အခုထိတိုင် ဘရာဇီးစတားရဲ့ ဟိုက်လိုက်တွေကို ကြည့်ရှု သင်ယူနေဆဲလို့ ဆိုပါတယ်။

ခူးဒက်စ်ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဟာ ၂၀၂၅ ခုနှစ်မှ အသက်ဝင်မှာဖြစ်ပါတယ်။ ဒီနွေမှာ လီဗာပူးဘက်က သူ့ကို ခေါ်ယူလိုရင် ဝက်စ်ဟမ်းအသင်း စိတ်ကြိုက် ပြောင်းရွှေ့ကြေး ပေးရပါမယ်။

ကြိုတင် မှန်းဆထားတဲ့အတိုင်း လီဗာပူးရဲ့ ကြံ့ခိုင်မှုနဲ့ ပြန်လည်ထူထောင်ရေး အကြီးအကဲ Andreas Kornmayer ဟာ ရာသီကုန်ရင် အသင်းက ထွက်ခွာပါမယ်။

နွေအပြောင်းအရွှေ့မှာ လီဗာပူး ခေါ်ယူမယ့် ခံစစ်မှူးဟာ အရည်အချင်းရှိတဲ့ လူငယ်တန်းကဖြစ်ပြီး တိုးတက်မယ့် အလားအလာရှိသူမျိုးဖြစ်ရပါမယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါမှ လူငယ် ဗဟိုခံစစ်မှူးတွေကို လေ့လာမှု ပြုလုပ်နေပါတယ်။