ဗဟိုခံစစ်မှူး နေရာအတွက် လီဗာပူးအသင်း ချိန်ရွယ်လာတဲ့ လူငယ် ကြယ်ပွင့် (၃) ဦး

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ကွင်းလယ်ခံစစ်၊ ဗဟိုခံစစ်မှူး၊ ဂိုးသမားနဲ့ တိုက်စစ်တွေအတွက် အင်အားဖြည့်မယ့်အကြောင်း LFCThaDin ဖတ်ရှုသူတွေကို မျှဝေ ဖော်ပြခဲ့ပြီးပါပြီ။

လီဗာပူးအသင်းဟာ ခံစစ်မှူး မာတစ်ကို သက်တမ်းတိုးဖို့ မစဉ်းစားထားဘဲ အလွတ်ဖြင့် ထွက်ခွင့်ပေးမှာပါ။ ဒါ့အပြင် နက်ဖီးလစ်ကို ချန်ပီယံရှစ်ထံ ရောင်းထုတ်ဖို့ရှိကာ ကိုစတက်နဲ့ ဂိုးမက်စ်ကလည်း အသင်းပြောင်းနိုင်တဲ့ စာရင်းထဲ ပါဝင်ထားပါတယ်။

အခြေအနေတွေကြောင့်ပဲ နည်းပြသစ်အတွက် ဗဟိုခံစစ်မှူးသစ် ခေါ်ယူပေးရေးဟာ အတ်ဝပ်တို့ရဲ့ ဦးစားပေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်ထားတယ်လို့ သိထားရပါတယ်။

လီဗာပူးလိုချင်တဲ့ ခံစစ်မှူးက ငယ်ရွယ်ပြီး ပွဲထွက်စာရင်းထဲ ပါဝင်နိုင်ရေး အရည်အချင်းရှိတဲ့ တက်သစ်စ ကစားသမားမျိုး ဖြစ်ရပါမယ်။ အသင်းဟာ ၂၃ နှစ်အောက် ခံစစ်မှူးမျိုးကို အလိုရှိနေတာပါ။

မာဆေးဆိုဒ် သတင်းထောက် Neil Jones ရဲ့ အဆိုအရ လက်တလောမှာ မနှစ်က ပစ်မှတ်ဖြစ်တဲ့ ချယ်ဆီးအသင်းမှ လီဗီ ကိုးဝဲလ်ကို ဆက်လက် ချိန်ဆက်ဖွယ် ရှိနေတယ်။ ဘိုင်ယန် လေဗာကူဆင်အသင်းမှ ဟင်ကပ်ပီနဲ့ ဖရန့်ဖတ်မှ ပါချိုတို့ ၂ ဦးကလည်း အသင်း စောင့်ကြည့်နေတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

အသင်းဘက်ကတော့ ဗန်ဒိုက်ကို ဆက်ထိန်းချင်နေဆဲဖြစ်သလို အသင်းခေါင်းဆောင်ကလည်း လီဗာပူးမှာ ဆက်နေလိုတဲ့ သဘောထားတွေ ပြသထားတာမို့ သူ့ကို စာချုပ်သစ်ပေးဖွယ် ရှိပါတယ်။

ဗန်ဒိုက်၊ ရိုဘိုတို့လို သမ္ဘာရှိ ကစားသမားတွေ ဆက်ရှိနေဆဲဖြစ်တာကြောင့် သူတို့ တွဲခေါ်မှုအောက်မှာ တိုးတက်လာမယ့် လူငယ်မျိုးကို ခေါ်ယူတာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လာပါလိမ့်မယ်။