

နည်းပြကလော့ပ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး နည်းပြဆုအတွက် ဆန်ကာတင် စာရင်းထဲ ပါဝင်လာပါတယ်။
လက်ရှိ လီဗာပူးအသင်းမှာ ဆက်ထိန်းကို ထိန်ထားရမယ့် အရေးအကြီးဆုံး ကစားသမားက ထရန့်ဖြစ်ပါတယ်လို့ တိုက်စစ်မှူးဟောင်း စတားရစ်က မှတ်ချက်ပေးပါတယ်။
ကာဗာရိုဟာ ပေါ်တူဂီအတွက်ပဲ ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ကာ သူ့ရဲ့ လက်ရွေးစင်ဘဝအတွက် ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်ပြီ ဖြစ်ပါတယ်။
ဂျူဗင်တပ်က ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတဲ့ ကုပ်မိုင်းနားကို လီဗာပူးကလည်း ချိန်ရွယ်နေဆဲဖြစ်တယ်လို့ အီတလီ သတင်းဌာနတွေက ဆိုပါတယ်။
နည်းစနစ်ပိုင်းဆိုင်ရာ ပါရမီရှင်လို့ ထင်ရှားတဲ့ သီယေဂိုဟာ ဒီနွေမှာတော့ လီဗာပူးကနေ ထွက်ခွာမှာမို့ အသင်းဟာ သန်းပေါင်းများစွာသော လုပ်ခကို လျော့ချနိုင်တော့မှာပါ။
ဆွန်ဟာ စပါးအတွက် မဟုတ်ဘဲ လီဗာပူး၊ မန်စီးတီးလို အသင်းတွေအတွက် ကစားပေးရင် ဆုဖလားအောင်မြင်မယ့်သူပါလို့ မော်ရင်ညိုက မှတ်ချက်ပေးလိုက်ပါတယ်။
ဒီရာသီ လီဗာပူးအတွက် ၁ ပွဲတည်းမှာ လူစားဝင် ကစားခဲ့တဲ့ သီယေဂိုအတွက် အသင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ထိ သုံးနေရတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ စပို့တင်းခံစစ်မှူး အန်နာဆီယိုကို သဘောကျနေတယ်လို့ ဖော်ပြနေကြပေမယ့် ယူနိုက်တက်ကို ကျော်ပြီး ရေပန်းစားတဲ့ အခြေအနေမျိုး ရှိမနေပါဘူး။
ဒီနွေမှာတော့ ကလော့ပ်နဲ့အတူ နည်းပြအဖွဲ့ဝင် ၆ ဦးထိ ထွက်ခွာမှာမို့ အာနယ် စလော့ဟာ အဝတ်လဲခန်း တည်ငြိမ်ရေးကို ကနဦး ကြိုးစားရမှာဖြစ်ပါတယ်။