စီနီယာ ၂ ဦး လေ့ကျင့်ရေး လွဲချော်၊ သက်တမ်းတိုးတဲ့ လူငယ် တိုက်စစ်သမားနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ရာသီသိမ်း နောက်ဆုံးပွဲမှာ လီဗာပူးကို ကိုင်တွယ်နိုင်ရေး ဗီလာပွဲမှာ တတ်နိုင်သလောက် သည်းခံသွားဖို့ ယာဂင်ကလော့ပ်က ဆုံးဖြတ်ထားပါတယ်။ ဒီရာသီ ၂ ဝါ ထိထားတဲ့ ကလော့ပ်ဟာ ဗီလာပွဲမှာ ပြစ်ဒဏ်ပေးခံရရင် ဝုဗ်နဲ့ ရာသီသိမ်းပွဲကို လွဲချော်မှာပါ။

မီဒီယာတွေ့ဆုံမှု နောက်ကျခဲ့တဲ့ ကလော့ပ်ကို ၂ ကြိမ် ရှိပြီနော်လို့ သတင်းထောက်တွေက ပြောခဲ့စဉ် နည်းပြက “ဘယ်သူကို ဂရုစိုက်ရမှာလဲ” လို့ ဟာသဖောက်ခဲ့ပါတယ်။

လီဗာပူးအားကစားဒါရိုက်တာဟောင်း ဂျူလီယန်ဝတ်ဟာ နည်းစနစ်ဒါရိုက်တာ ရာထူးနဲ့အတူ FSG ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းထဲ ပြန်လည် ပူးပေါင်းသွားပါတယ်။

ဘင်ဖီကာမှ ပက်ဒရို မာဂွက်စ်ဟာ FSG ရဲ့ ဘောလုံးတိုးတက်မှုဆိုင်ရာ ဒါရိုက်တာအဖြစ် ခေါ်ယူခြင်း ခံခဲ့ရပါပြီ။

လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ရော်ဘတ်ဆန်နဲ့ ဂျိုတာတို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ အပြောင်းအရွှေ့ အသံထွက်နေတဲ့ ဒါဝင်နဲ့ ဒဏ်ရာကနေ ကြံ့ခိုင်နေတဲ့ အီဘူးတို့တော့ ပါဝင်သွားပါတယ်။

လူငယ်ကြယ်ပွင့် ကိတ်ဂေါ်ဒန်ဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ကိုပါအမေရိက ပြိုင်ပွဲအတွက် ဘရာဇီးအသင်း လူစာရင်းမှာ အယ်လီဆန် ရွေးချယ်ခံခဲ့ရပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် ရိုမန်နိုကတော့ လီဗာပူးအသင်းဟာ လူသစ် ၃ ဦးလောက်ကို ခေါ်ယူလိမ့်မယ်လို့ သတင်းပေးလာပါတယ်။

အာနယ် စလော့ဟာ လီဗာပူးမြို့ကို ရောက်လာရင် ကလော့ပ် လက်ရှိ နေထိုင်နေတဲ့ အိမ်ကို ငှားရမ်း အသုံးပြုမယ်လို့ သိရပါတယ်။ အဆိုပါအိမ်ကို စတီဗင်ဂျရတ်က ပိုင်ဆိုင်ခဲ့ပြီး ဘရန်ဒန် ရော်ဂျာကို ရောင်းချပေးခဲ့ကာ ရော်ဂျာကတစ်ဆင့် လီဗာပူးအသင်း ဝယ်ယူထားတာဖြစ်ပါတယ်။

ဇန်နဝါရီကမှ ဟန်ဒါဆန်ကို ခေါ်ယူထားတဲ့ အေဂျက်အသင်းဟာ ဒီနွေမှာ အင်္ဂလန်ကွင်းလယ်လူကို ပြန်ပြီး ရောင်းချသွားဖို့ စီစဉ်နေပါတယ်။