မနေ့ကပွဲမှာ မန်စီးတီးက ဖူလ်ဟမ်ကို ၄-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် သင်္ချာနည်းအရပါ ဒီရာသီ လီဗာပူးအသင်း ချန်ပီယံမဖြစ်ဖို့ သေချာခဲ့ပါပြီ။
လူးဝစ် ဒီယက်ဇ်ဟာ ဧပရယ်လအတွက် လီဗာပူးအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ဂိုးကာကွယ်မှု ရာခိုင်းနှုန်း အများဆုံး ဂိုးသမားစာရင်းမှာ အယ်လီဆန်က ၇၄.၅% ဖြင့် ရပ်တည်နေပါတယ်။
ကွန်ပနီက သူတွဲဘက် ကစားချင်တဲ့ ကစားသမားကို ရွေးချယ်ရာမှာ ဗန်ဒိုက်ကို ရွေးခဲ့ပါတယ်။ သူနဲ့ ဗန်ဒိုက်အတွဲက သိပ်ကောင်းတဲ့ တွဲဘက်မှုဖြစ်မှာပါလို့ ကွန်ပနီက မြင်ပါတယ်။
Globe Soccer Awards ကနေပြီး ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအသင်း ရွေးချယ်ဖို့ ဆန်ကာတင် စာရင်း ပြုစုရာမှာ လီဗာပူးအသင်းကို ထည့်သွင်းထားပါတယ်။
ဟာဗေးက သူဟာ ငယ်စဉ်တုန်းက လူကောင်သိပ်သေးခြင်းကြောင့် ချယ်ဆီးအကယ်ဒမီကနေ ရှင်းထုတ်ခံခဲ့ရကြောင်း ဖော်ထုတ်လာပါတယ်။
လူးဝစ် ဆွာရက်စ်ဟာ သူ့ကို အင်္ဂလန်လိဂ်နဲ့ ပတ်သက်ပြီး အများကြီး အကူအညီပေးသူလို့ ဒါဝင်က ထုတ်ပြောခဲ့ကာ ပဲလေစ့်ပွဲတုန်းက ပြိုင်ဘက် ကစားသမားကို ခေါင်းနဲ့ တိုက်တာမျိုး လုပ်ခဲ့စဉ်ကဆိုရင် ” ငပိန်းကောင်ရ၊ အဲ့လို မလုပ်နဲ့ဟ..။” စသဖြင့် ချက်ခြင်း မက်ဆေ့ပို့ ဝေဖန်ထောက်ပြခဲ့တယ်လို့ ပြောပြလာပါတယ်။
ဘောလုံးဆိုင်ရာ အော်ပရေးရှင်းအတွက် စိတ်ကြိုက် လူစုမှုတွေကို ပြုလုပ်ခဲ့ပြီဖြစ်တဲ့ FSG ဟာ သူတို့ရဲ့ ဒုတိယမြောက် ကလပ်ကို ဝယ်ယူဖို့ ရှာဖွေနေပြီ ဖြစ်ပါတယ်။
ဖီယင်နု ပရိသတ်တွေကတော့ အာနယ် စလော့ကို နှုတ်ဆက်မှုတွေ လုပ်နေကြပြီဖြစ်ကာ နယ်သာလန်သားရဲ့ အင်္ဂလန်မြေခရီးလမ်း အဆင်ပြေဖို့ ဆုတောင်းပေးနေကြပါတယ်။