လီဗာပူးမှာ သူ ဘယ်လောက်ထိ ခမ်းနားတဲ့ အခိုက်အတန့်တွေကို ဖန်တီးခဲ့လဲဆိုတာ သိလိုရင် ယူကျူ့မှာ ‘Liverpool celebrations’ ‘big moments’ ‘big games’ စသဖြင့် ရိုက်ရှာကြည့်ကြလို့ ကလော့ပ်က အသိပေးပါတယ်။
ကိုင်ဟာဗက်ဇ်ဟာ လီဗာပူးမှာ ဖာမင်နို ကစားပြနေတာနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ အာဆင်နယ်အတွက် ကစားပေးနေကြောင်း ဂယ်ရီနဗီးက နှိုင်းယှဉ်ပါတယ်။
ဂါနာသတင်းထောက်တွေကတော့ လီဗာပူးနဲ့ ခူးဒက်စ်တို့ရဲ့ အပြောင်းအရွှေ့ကို ချိတ်ဆက်ပေးနေကြပါတယ်။ အသင်းဟာ နွေမှာ ဘယ်ကစားသမားကို ခေါ်ယူမယ်ဆိုတာ ရာသီမကုန်ခင်ထိ ဆုံးဖြတ်ဦးမှာ မဟုတ်ပါဘူး။
လူငယ်တိုက်စစ်သမား ကူးမက်စ်ဟာ ဂျေဒန် ဒန့်စ်ကို ကျော်ပြီး ဒီရာသီ ယူ-၂၁ အသင်းရဲ့ ဂိုးသွင်းဘုရင် ဖြစ်လာခဲ့ပါတယ်။ သူဟာ ၂၀၂၂-၂၀၂၃ တုန်းကလည်း ယူ-၁၈ အသင်းရဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါသေးတယ်။
ကက်တလန် သတင်းဌာနတွေကတော့ ဘာစီလိုနာဟာ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူလိုနေဆဲလို့ ဖော်ပြပါတယ်။ လီဗာပူးအသင်းဟာ ကိုလံဘီယာသားအတွက် ပေါင် သန်း ၇၀ ထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းက ထရန့်ကို သက်တမ်းမတိုးနိုင်ရင် ၂၀၂၅ နွေမှာ သူ့ကို အလွတ်ဖြင့် ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်က ရည်မှန်းနေပါတယ်။
လက်ရွေးစင်အသင်းမှာ မာကာ လုံးဝ မကြိုက်တဲ့ အသုံးနှုန်းဖြင့် အသင်းဖော်တွေ စနောက်ကြပါတယ်။ မက်ဆီက အသင်းဖော်တွေအား မာကာကို အဲ့လို မခေါ်ဖို့ တားဆီးခဲ့တဲ့နောက် ဘယ်သူကမှ မာကာကို နောက်ပြောင်မှု မလုပ်တော့ဘူးလို့ သိရပါတယ်။
ဒီနွေမှာတော့ မူဆိုလိုစကီနဲ့ ဖရန့်ဒေါ့လို့ ယူ-၂၁ အသင်းသားတွေ လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။