လီဗာပူး လူစာရင်းမှာ ဖယ်ထုတ်မရတဲ့ အသင်းသားကို ဆော်ဒီဘက်က ခေါ်လိုရိပ် ပြသ

မနှစ်ကနွေမှာ ဆာလာရဲ့ အပြောင်းအရွှေ့ သတင်းက လီဗာပူးပရိသတ်တွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သလိုပဲ ဒီနွေမှာလည်း ကိစ္စကြီးတွေ ဆက်ဖြစ်လာနိုင်ပါတယ်။

LFCThaDin ဖတ်ရှုသူတွေကို သတင်းသစ် ပေးလိုတာကတော့ ဆော်ဒီပရိုလိဂ်ဟာ သူတို့ရဲ့ လိဂ် အဆင့်အတန်းကို မြင့်တင်ဖို့ရာ ဒီနွေမှာလည်း ပရီးမီးယားလိဂ်က ကြယ်ပွင့် အချို့ကို ခေါ်ယူလိုနေပါတယ်။

ဆော်ဒီဘက်က ရည်ရွယ်ချက်ကြီးကြီး ချိန်ရွယ်ထားသူတွေထဲ လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ မန်စီးတီး ဂိုးသမား အီဒါဆန်နဲ့အတူ ပါဝင်လာနေပါတယ်။

မနှစ်တုန်းက ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ကို Al-Ahli နဲ့ Al-Ittihad တို့က ခေါ်ယူခဲ့တဲ့နည်းတူ ဒီနွေမှာလည်း လီဗာပူး အဓိက ကစားသမားအချို့ဟာ ဆော်ဒီထံက မက်လုံးပေး ခေါ်ယူမှုကို ရရှိနိုင်နေဆဲပါ။

အသက် ၃၁ နှစ်အရွယ် အယ်လီဆန်ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ကာ ဆော်ဒီဘက်က စိတ်ဝင်စားမှု ဘယ်လောက်ထိ အလေးအနက်ဖြစ်လာမလဲ မသိရသေးပါဘူး။

လီဗာပူးအသင်းဟာ ဒီနွေမှာ အတ်ဒရီယန်ကို လက်လွတ်ရမှာဖြစ်သလို ဂိုးနည်းပြ ၃ ဦးအနက် ၂ ဦးကို ထွက်ခွင့်ပေးရမှာပါ။ ကလယ်ဟာကလည်း ပုံမှန် ပွဲကစားခွင့်အတွက် အသင်းပြောင်းလိုနေပါတယ်။

အယ်လီဆန် မရှိချိန် ပွဲစဉ်အချို့ကို ကလယ်ဟာက တာဝန်ယူပေးခဲ့သေးတာကြောင့် ဆော်ဒီဘက်က ကမ်းလှမ်းမှုတင်လာရင် လီဗာပူး ဘယ်လို ဆုံးဖြတ်မလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။