ရတ်ဘူး ဆဲလ်ဘတ်အသင်းဟာ ကလော့ပ်ရဲ့ လက်ထောက်ဖြစ်တဲ့ ပပ်လင်ဒါးကို အတော်လေး သဘောကျနေပြီး သူတို့အသင်းကို ကိုင်တွယ်ပေးဖို့ ချိတ်ဆက်ဖွယ် ရှိနေပါတယ်။
ဂိုးနည်းပြ ၂ ဦးအပါအဝင် အရန်ဂိုးသမား ၂ ဦးကို လက်လွတ်ရမယ့် လီဗာပူးအသင်းဟာ အယ်လီဆန်ကို ဆော်ဒီဘက်က စိတ်ဝင်စားလာခြင်းကြောင့် ဒီနွေမှာ ဂိုးသမားဌာနကို ပြန်ဖွဲ့စည်းရဖွယ် ရှိနေပါတယ်။
ဆောက်သမ်တန် ဂိုးသမား မက်ကယ်တီဟာ လီဗာပူးရဲ့ စောင့်ကြည့်စာရင်းထဲ ပါဝင်ပေမယ့် အသင်းဘက်ကတော့ နွေမှပဲ လူသစ် ခေါ်ယူရေးတွေကို စတင် စဉ်းစားမှာဖြစ်ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ဟန်ဂေရီအသင်းမှာ ကွင်းလယ်လူ ဆိုဘိုစလိုင် ရွေးချယ်ခံခဲ့ရပါတယ်။
ဒီကြားရက်မှာ ယာဂင်ကလော့ပ်ဟာ အန်ဖီးကွင်းမှာ တစ်ယောက်ထဲ ရှိနေပြီး ကွင်းကို ငေးမော ပတ်ကြည့်နေတဲ့ ပုံရိပ်အချို့ အသင်းဝန်ထမ်းတွေ အဝေးက ရိုက်ကူးထားတဲ့ ပုံရိပ်တွေ ထွက်လာနေပါတယ်။
Jurgen Klopp taking it all in before his last game at Anfield on the weekend.
Sunday really is going to be the saddest day in a long time for Liverpool fans…pic.twitter.com/cIUeiFXUHT
— george (@StokeyyG2) May 14, 2024
စလော့ရဲ့ လက်ထောက်အဖြစ် လီဗာပူးအသင်းမှာ တာဝန်ထမ်းဆောင်မယ့် Sipke Hulshoff ဟာ နယ်သာလန်အက်ဖ်အေက သူယူထားတဲ့ ရာထူးကနေ နှုတ်ထွက်လိုက်ပါပြီ။
နိုက်အသင်းမှ ကွင်းလယ်လူ သူရမ်ကို ဒီနွေမှာ ပေါင် ၁၃ သန်းဖြင့် ခေါ်ယူခွင့်ရှိပေမယ့် ကစားသမားရဲ့ တိုးတက်မှု နှေးကွေးခြင်းကြောင့် လီဗာပူးဘက်က သဘောကျရိပ် မပြသတော့ပါဘူး။
ဘာစီလိုနာဘက်က သတင်းတွေမှာတော့ ကက်တလန်ကလပ်ဟာ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအား ပိတ်သိမ်းထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။