လီဗာပူးအသင်းဟာ ကလပ်ရဲ့ အဓိက ဂိုးသမား ၃ ဦးလုံးကို လက်လွတ်ရနိုင်ကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စီနီယာ ဂိုးသမား ၃ ဦးထဲ အယ်လီဆန်ကို ဆော်ဒီဘက်က စိတ်ဝင်စားနေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ လီဗာပူးမှာ ဆက်ကစားဖို့ပဲ စိတ်ဝင်စားတယ်လို့ သိရပါတယ်။
ဆော်ဒီပရိုလိဂ် အကြီးအကဲကတော့ ဒီနွေအတွက် သူတို့ ခေါ်ယူလိုတဲ့ ဦးစားပေး ၁၀ ဦးထဲမှာ အယ်လီဆန်ကိုကော မန်စီးတီးဂိုးသမား အီဒါဆန်ကိုပါ ထည့်သွင်းလာတာပါ။
အသက် ၃၁ နှစ်အရွယ် ဘရာဇီး ဂိုးသမား အယ်လီဆန်ဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားတာမို့ လီဗာပူးဘက်က သူ့အနာဂတ်ကို စိတ်ပူနေခြင်း မရှိတာဖြစ်ပါတယ်။
ကလပ်ရဲ့ သက်တော်ရှည် အမှုထမ်း နှစ်ဦးဖြစ်တဲ့ ဂိုးနည်းပြ အက်တာဘက်ချ်နဲ့ ရော်ဘင်ဆန်တို့ ဒီနွေမှာ ထွက်သွားကြဖို့ ရှိနေသလို အရန်ဂိုးသမား အတ်ဒရီယန်ကလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် စပိန်မြေကို ပြန်သွားဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အိုင်ရစ် ဂိုးသမား ကလယ်ဟာကတော့ ပုံမှန်ပွဲကစားခွင့်အတွက် အသင်းပြောင်းဖွယ် ရှိနေပါတယ်။ မှန်ကန်တဲ့ ကမ်းလှမ်းမှုဆိုရင် အသင်းဘက်က နားထောင်ပေးမှာဖြစ်ကာ သူ့နေရာအတွက် အပြောင်းအရွှေ့ကနေ လူသစ် ခေါ်ယူဖွယ် ရှိပါတယ်။
အသင်းဟာ တတိယ ဦးစားပေး နေရာအတွက်တော့ ပီတာလူးဂါး၊ ဂျာအိုစ့်တို့လို လူငယ်ဂိုးသမားတွေကို ဆွဲခေါ်သုံးသွားဖွယ် ရှိနေပါတယ်။