ဒါဝင်ကို စျေးပေါပေါရလိုခြင်း၊ ဆာလာကို ဆော်ဒီဘက်က ထပ်မံ ကမ်းလှမ်းနိုင်ခြင်း၊ အသင်းသစ် တွေ့နေတဲ့ FSG နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

ကြားရက်တုန်းက နည်းပြကလော့ပ်ကို အန်ဖီးကွင်းမှာ တစ်ယောက်ထဲ မြင်နေရတာဟာ နည်းပြကြီးက အသင်းဝန်ထမ်းတွေကို သီးသန့် နှုတ်ဆက်ပွဲ ပြုလုပ်မှု မတိုင်ခင် အခိုက်အတန့်ဖြစ်ပါတယ်။

Anfield Road ထောင့်နားက လက်ကျန် နေရာလေးကို ခုံတပ်ဆင်မှုတွေ စတင်နေပါပြီ။ ကလော့ပ်ရဲ့ နောက်ဆုံးပွဲအတွက် အဆိုပါနေရာကို ဖွင့်ပေးမလားတော့ မသိရသေးပါဘူး။

လီဗာပူးအသင်းဟာ ဆော်ဒီဘက်က စိတ်ဝင်စားနေတဲ့ ဂိုးသမား အယ်လီဆန်ကို ရောင်းချဖို့ ရည်ရွယ်ချက် မရှိပါဘူး။

ပပ်လင်ဒါးဟာ လာမယ့်ရာသီ ဆဲလ်ဘတ်အသင်းကို နည်းပြအဖြစ် တာဝန်ယူမှာဖြစ်ကာ ဗစ်တာမာတိုစ့်ကတော့ သူ့ရဲ့ လက်ထောက်ဖြစ်လာပါမယ်။

လီဗာပူးမှာ ဆယ်စုနှစ်ကြာ ရှိခဲ့တဲ့ ပပ်လင်ဒါးကတော့ အသင်းကနေ ထွက်သွားရတာကို ဝမ်းနည်းပေမယ့် စိန်ခေါ်မှုသစ်တွေ စတင်ဖို့ အချိန်ရောက်ပြီလို့ ထုတ်ပြောပါတယ်။

ယာဂင်ကလော့ပ်ဟာ မနှစ်တည်းက မာတစ်ကို သက်တမ်းတိုးစာချုပ် ပေးချင်ခဲ့ပါတယ်။ ရာသီကုန်ရင် သူထွက်တော့မှာဖြစ်တာကြောင့် မာတင်ကို အသင်းဘက်ကတော့ အလွတ်ဖြင့်ပဲ ထွက်ခွင့်ပေးဖွယ် ရှိနေပါတယ်။

ဒါဝင် နူးညက်စ်ကို ကလပ်တွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် လီဗာပူးဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှာကို သူတို့ သိထားပြီး အဲ့ကြေးမျိုး မပေးလိုကြပါဘူး။

(ပြောင်းပြန်လှည့်ပြောရရင် ဒီနွေမှာ စျေးချိုချိုရရင် ဒါဝင်ကို ခေါ်မယ့် ကလပ်တွေ ရှိနေပါတယ်)

ဆော်ဒီဘက်ကတော့ ဒီနွေမှာ မိုဆာလာအတွက် နောက်ထပ် တစ်ကြိမ် ကြိုးစားကြည့်လိုနေပါတယ်။ သူတို့ဟာ အသက် ၃၁ နှစ်အရွယ် စာချုပ် ၁ နှစ်ပဲကျန်တဲ့ မိုအတွက် များပြားတဲ့ ပြောင်းရွှေ့ကြေးတော့ မပေးလိုပါဘူး။

FSG ဟာ ဘရာဇီးကလပ် တစ်သင်းကို ဝယ်ယူဖို့ ခြေလှမ်းစနေပါပြီ။ စုံစမ်းမှုတွေ စတင်နေသလို ဘရာဇီးကလပ်ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်လာဖို့ထိ ရင်းနှီးမြုပ်နှံမှု လုပ်သွားနိုင်ပါတယ်။