ဒီယက်ဇ်ကို ရောင်းဖို့ မရှိခြင်း၊ ဂေါ်ဒန်ကို ထွက်ခွင့်ပေးမှာ မဟုတ်တဲ့ နယူး၊ VAR မဖျက်သိမ်းဖို့ ထောက်ခံခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ ဒီအပတ် အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ဝုဗ်နဲ့ပွဲ အစနဲ့ ပွဲအဆုံးတွေမှာ ကလော့ပ်ကို ဂုဏ်ပြု နှုတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

လီဗာပူးအသင်းဟာ အန်ဖီးကွင်းရဲ့ အနီးတဝိုက်မှာ ပေါင် ၄ သန်း အကုန်အကျခံပြီး လမ်းအဆင့်မြှင့်တင်မှု၊ မြင်ကွင်းအလှတွေ တိုးချဲ့မှုတွေ ထပ်မံ လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။

ဒီအပတ် ဝုဗ်ပွဲကြို အသင်းရဲ့ ပြင်ဆင်မှုမှာ ရော်ဘတ်ဆန်နဲ့ ဂျိုတာတို့ ပါဝင်နိုင်ခဲ့ပါတယ်။ သီယေဂိုလည်း အစိတ်အပိုင်း အနည်းငယ် ပါဝင်သွားတယ်လို့ သိရပါတယ်။

ဒီအပတ် ဝုဗ်နဲ့ပွဲမှာတော့ လီဗာပူးအသင်းဟာ နောက်ရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဂျာစီကို မိတ်ဆက် ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

လိဒ်စ် ယူနိုက်တက် တောင်ပံသမား ဆမ်းမားဗယ်လာကို ခေါ်ယူလိုတယ်ဆိုရင် ပေါင် သန်း ၃၀ ပေးရမယ်လို့ သိရပါတယ်။

နယူးကာဆယ်တိုက်စစ်သမားနဲ့ အဲဗာတန် ကစားသမားဟောင်း အန်တိုနီ ဂေါ်ဒန်ဟာ လီဗာပူးကို ငယ်စဉ်တည်းက အားပေးခဲ့သူပါ။ ဒီနွေမှာ သူ့ကို ရောင်းချပေးဖို့ နယူးကာဆယ်က စဉ်းစားမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဟာ ဝန်ထမ်းအားလုံး ပါဝင်တဲ့ ကလော့ပ် နှုတ်ဆက်မှုကို ပြုလုပ်ခဲ့သလို ဒေသခံ ပရိသတ်အဖွဲ့တွေက ပပ်လင်ဒါး အပါအဝင် ကလော့ပ်ရဲ့ နည်းပြအဖွဲ့တွေကို အထူး ဂုဏ်ပြုပွဲတွေ ဆက်တိုက် လုပ်ပေးနေကြပါတယ်။

လီဗာပူးအသင်းဟာ ဘယ်တောင်ပံသမား လူးဝစ် ဒီယက်ဇ်ကို ဒီနွေမှာ ရောင်းချသွားဖို့ အစီအစဉ် မရှိပါဘူး။

ဒီရာသီမှာ VAR ကြောင့် ထိခိုက်မှုတွေ များခဲ့ပေမယ့် ဒီစနစ်ကို ဖျက်သိမ်းဖို့အစား ပိုကောင်းအောင် သုံးဖို့ကိုပဲ လီဗာပူးက ထောက်ခံသွားခဲ့ပါတယ်။

ဗန်ဒိုက်၊ ဂက်ပိုနဲ့ ဂရာဗင်ဘက်ချ်တို့ဟာ ယူရိုပြိုင်ပွဲဝင် နယ်သာလန်အသင်း လူစာရင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူး နေရာအတွက် အတော်လေး ရှာဖွေမှု လုပ်နေပြီး ဂျာမနီစျေးကွက်ကို စောင့်ကြည့်နေတာ သေချာပါတယ်။