ရာသီသိမ်းပွဲနဲ့အတူ ကလော့ပ်ကို နှုတ်ဆက်ကြမယ့် လီဗာပူးအသင်းနဲ့ နံနက်ခင်း သတင်းတိုများ

ယာဂင်ကလော့ပ်ရဲ့ နှုတ်ဆက် ဗီဒီယို အတိုလေးတစ်ခုကို အသင်းဘက်က ထုတ်ပြန်လိုက်ပါပြီ။ ကလော့ပ်က အားလုံးကို သတိရနေမယ်လို့ အသိပေးခဲ့ပါတယ်။

အာနယ် စလော့ဟာ နည်းပြကောင်း တစ်ဦးဖြစ်ပြီး ကောင်းမွန်တဲ့ အသင်းကောင်းနဲ့ လူစာရင်းတစ်ခုကို ဆက်ခံရမှာပါလို့ ကလော့ပ်က မှတ်ချက်ပေးပါတယ်။

ဘောလုံးရာသီ အပိတ်ပွဲမှာ သီယေဂို အရန်စာရင်းကနေ ပြန်ပါလာနိုင်ပါတယ်။ ရာသီကုန်ရင် အသင်းက ထွက်ခွာမယ့် သီယေဂိုဟာ ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ဆက်လက် ပါဝင်နိုင်ဖို့ ထိပ်တန်းအသင်း တစ်သင်းထံ ပြောင်းရွှေ့နိုင်ပါတယ်။

အန်ဖီးကွင်းအပြင်မှာ ကလော့ပ်ရဲ့ ရုပ်ထုကို ဂုဏ်ပြုထားရှိသွားဖို့ စတီဗင်ဂျရတ်က ဦးဆောင် တိုက်တွန်းနေပါတယ်။

ယာဂင်ကလော့ပ်ဟာ အဝတ်လဲခန်းတွင်း ရုပ်သံရိုက်ကူးမှုကို ဝုဗ်ပွဲစဉ် ရောက်လာချိန်ထိ ခွင့်မပြုဘူးလို့ ကြားသိရပါတယ်။ သူဟာ သူ့ရဲ့ စကားကို နောက်ဆုံး အချိန်ထိ တည်သွားမယ့်ပုံပါ။

ကလော့ပ်ရဲ့ နှုတ်ဆက်ပွဲကို တက်ရောက်ဖို့ ဂျွန်ဟင်နရီနဲ့ တွမ်ဝါနာတို့ လီဗာပူးမြို့ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

ကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင် ၇ ဦးအပြင် လီဗာပူး စီနီယာအသင်းမှ အရေးပါတဲ့ ဝန်ထမ်းအချို့လည်း ဒီနွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။