ဩစတြီးယားကလပ် ဆဲလ်ဘတ်အသင်းရဲ့ မန်နေဂျာဖြစ်လာတဲ့ ပပ်လင်ဒါးကတော့ သူ့ရဲ့ အသင်းသစ်အတွက် လီဗာပူးကြယ်ပွင့်လေးတွေကို သဘောကျမှု ရှိနေပါတယ်။
ဥရောပရဲ့ အင်အားကြီးကလပ် မဟုတ်ပေမယ့် ဆဲလ်ဘတ်ဟာ ကြယ်ပွင့်ပေါင်း များစွာကို မွေးထုတ်ပေးနိုင်တဲ့ အသင်းအဖြစ် ထင်ရှားပါတယ်။ ကမ္ဘာပေါ်မှာ muti-club အအောင်မြင်ဆုံးထဲက တစ်ခုဖြစ်တဲ့ ရတ်ဘူးအဖွဲ့ပိုင် အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။
အဲ့လိုအသင်းကို ကိုင်တွယ်ခွင့်ရတဲ့ လင်ဒါးဟာ လူငယ်ကစားသမား များစွာနဲ့ လက်တွဲ အလုပ်လုပ်ရဖို့ ရှိနေပါတယ်။ လင်ဒါးကတော့ လီဗာပူး ကြယ်ပွင့်အချို့နဲ့အတူ ဆဲလ်ဘတ်မှာ လက်တွဲလုပ်လိုနေပါတယ်။
လင်ဒါးက ပြောရာမှာ ” ကော်နာ ဘရတ်ဒလေ၊ ကွမ်းဆက်၊ ကလယ်ဟာ၊ ဟာဗေး၊ ဂျုံးတို့ကို ကျနော် သိပ် ယုံကြည်ပါတယ်။ သူတို့ထဲက ကော်နာ လုပ်ပြနေတာကတော့ မယုံနိုင်စရာပါပဲ။
ဆဲလ်ဘတ်ကို သူပြောင်းလာပြီး လူစာရင်းထဲ ချက်ခြင်း ပါဝင်ကစားလို့လည်း ရပါတယ် ” လို့ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကြယ်ပွင့် အစုအဖွဲ့ကို ရောင်းချဖွယ် မရှိဘဲ အာနယ် စလော့အတွက် ဆက်ထိန်းပေးမှာပါ။ ထရန့် ကွင်းလယ်နေရာကို ပြောင်းကစားခဲ့ရင် ဘရတ်ဒလေဟာ လီဗာပူးရဲ့ ညာခြမ်း ခံစစ်သမား ဖြစ်လာနိုင်ဆဲဖြစ်ပါတယ်။
အနာဂတ်မှာ သူ့ကို ရောင်းချရဖို့ ဖြစ်လာခဲ့ရင်တောင် လီဗာပူးဘက်က စျေးပေါပေါနဲ့တော့ ထွက်ခွင့်ပေးဖွယ် မရှိတာပဲ ဖြစ်ပါတယ်။