လီဗာပူးအသင်းဟာ ဒီနွေမှာ ဂိုးသမားဌာနကို ပြုပြင်ရဖို့ရှိနေပြီး ဂိုးနည်းပြသစ် အပြင် ဂိုးသမားသစ်တွေကိုလည်း အင်အားဖြည့်ရဖွယ် ရှိနေပါတယ်။
အထူးသဖြင့် ကြံ့ခိုင်မှုပိုင်း မကြာခဏ ရုန်းကန်ရလေ့ရှိတဲ့ အယ်လီဆန်နေရာ အရန် အဖြစ် ပါဝင်နေရသူ ကလယ်ဟာက ပုံမှန်ပွဲကစားခွင့် ရလိုတာနေတာပါ။ ဒီနွေမှာ ကလယ်ဟာ ထွက်ခွာသွားနိုင်ကြောင်း သတင်းကလည်း လူတိုင်းသိနေကြပါပြီ။
တတိယဂိုးသမား အတ်ဒရီယန်ကလည်း ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီဖြစ်ပါတယ်။ မာတစ်၊ သီယေဂိုတို့ကို နှုတ်ဆက်ထားပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်ကုန်မယ့် အတ်ဒရီယန်ကို နှုတ်ဆက်ခဲ့ခြင်း မရှိတာက ထူးခြား ကိစ္စဖြစ်ပါတယ်။
ဆော်ဒီဘက်ကတော့ အယ်လီဆန်ကို ခေါ်ယူဖွယ် မရှိတော့ကြောင်း သတင်းတွေနဲ့အတူ လီဗာပူးအသင်းရဲ့ ဦးစားပေးဟာ ကလယ်ဟာ နေရာ ဆက်ခံသူ ရှာဖွေဖို့ပဲ ဖြစ်ပါလိမ့်မယ်။
Meister 2023/24! 🏆 #sturmgraz pic.twitter.com/sVsVSC7Bal
— SK Sturm Graz (@SKSturm) May 19, 2024
LFCThaDin ဖတ်ရှုသူတွေကို ပေးချင်တဲ့ သတင်းကောင်းကတော့ လီဗာပူးအသင်းဟာ ကြယ်ပွင့် ဂိုးသမားတစ်ဦးကို လက်ဝယ် ပိုင်ဆိုင်ထားပါပြီ။
လူငယ်ဂိုးသမား ဂျာရိုစ့်ဟာ ဘောလုံးရာသီဝက်မှာ ဩစတြီးယားကလပ် Sturm Graz ထံ အငှားထွက်ခဲ့ပြီး အဓိက ဂိုးသမားအဖြစ် လက်စွမ်းပြကာ ပြည်တွင်းပြိုင်ဘက် ဆဲလ်ဘတ်ကို ကျော်လို့ အမှတ်ပေးချန်ပီယံပါဖြစ်ခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂျာရိုစ့်ဟာ ယူရိုပါ ကွန်းဖရန့်လိဂ်မှာလည်း ၄ ပွဲ ပါဝင်ကစားခွင့်ရတဲ့ ဥရောပအတွေ့အကြုံပါ ရရှိခဲ့ပါသေးတယ်။ သူ့ရဲ့ တောက်ပမှုတွေကြောင့် ၂၀၂၄ ယူရိုပြိုင်ပွဲဝင် ချက်အသင်း လူစာရင်းမှာ ရွေးချယ်ခံရမယ်လို့ သတင်းကြီးနေပါတယ်။
ပိုစိတ်ဝင်စားစရာ ကောင်းတာကတော့ ဩစတြီးယားဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး ဂိုးတွေထဲက တစ်ဦးလို့ ချီးကျူးခံနေရတဲ့ ဂျာရိုစ့်ဟာ ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ လီဗာပူးအတွက် homegrown စာရင်းဝင်သူဖြစ်ပါတယ်။
ဒါကြောင့် ကလယ်ဟာကို လက်လွတ်ရရင် သူ့နေရာ ဂျာရိုစ့်နဲ့ တိုက်ရိုက် အစားထိုးနိုင်သလို ပုံမှန်ပွဲထွက်ခွင့်အရ ရောင်းထုတ်မယ်ဆိုရင်လည်း လီဗာပူးက ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရှိသွားဖွယ် ရှိနေတာဖြစ်ပါတယ်။