

လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းမှ ဗဟိုခံစစ်မှူး ယိုရိုကို ခေါ်ယူရေး ပြင်သစ်ကလပ်က ပြောင်းရွှေ့ကြေး ဘယ်လောက် တောင်းမလဲဆိုတာကို အခြားသော ကလပ်တွေနည်းတူ စောင့်နားထောင်နေတယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ယိုရိုဟာ ဒီရာသီ ပြိုင်ပွဲစုံ ၄၃ ပွဲထိ ကစားခဲ့ကာ တောက်ပတဲ့ ခြေစွမ်းကောင်းတွေ ပြနေတာကြောင့် ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း ကြိုးစားနေတာပါ။
ရိုမန်နိုက ဖော်ထုတ်ရာမှာ “ အရင်တုန်းက ပြောခဲ့သလိုပါပဲ ယိုရိုကို ခေါ်ယူနိုင်ရေး ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဝင်ပါနေပါတယ်။ လီဗာပူးကလည်း ခံစစ်မှူးကို ကင်းထောက် စောင့်ကြည့်ထားပါတယ်။
အခုချိန်မှာ ကလပ် အားလုံးက ခံစစ်မှူးအတွက် လိုင်လီတောင်းမယ့် ပြောင်းရွှေ့ကြေးကို အခြေခံပြီး ဝင်ရောက် ကမ်းလှမ်းသင့် မသင့် ဆိုတာကို စောင့်နားထောင်နေတာ ဖြစ်ပါတယ်။
လီဗာပူးက ဒီနွေမှာ ဗဟိုခံစစ်မှူးသစ်ကို အားဖြည့်ဖို့ ရည်ရွယ်ထားကြောင်း ကျနော် သတင်းဖော်ပြထားပြီးပါပြီ။ ယိုရိုနဲ့ ပတ်သက်လို့ လီဗာပူးရဲ့ ကင်းထောက် စောင့်ကြည့်မှုဟာ အလေးအနက် ကြိုးစားဖို့ကို အားသန်လာတော့မလား ကြည့်ရပါမယ်။
အခုချိန်ထိတော့ လီဗာပူးက အလားအလာရှိ ကစားသမား တစ်ဦးကို ပုံမှန် စောင့်ကြည့်သလို စောင့်ကြည့်နေဆဲပါ။ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ကတော့ ယိုရိုကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ ပိုမို ပြိုင်ဆိုင်နေတဲ့ အခြေအနေ ဖြစ်ပါတယ် ” လို့ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ ခံစစ်ပိုင်းကို အာရုံစိုက်မှာဖြစ်ကာ ဗန်ဒိုက်၊ ကိုနတေး၊ ကွမ်းဆက်၊ ဂိုးမက်စ်တို့ပဲ ရှိနေတဲ့ ဗဟိုခံစစ်နေရာကို အင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။