

လီဗာပူးအသင်းဟာ အသက် ၂၁ နှစ်အရွယ် နယူးဇီလန် ဂိုးသမား အဲလက်စ် ပေါဆန်အတွက် စုံစမ်းမှု လုပ်ထားပါတယ်။ ၎င်းဟာ ဩစတြေးလျ အေလိဂ်မှာ ကစားသမားနေသူဖြစ်ပါတယ်။
လီဗာပူးဘက်က ချယ်ဆီးခံစစ်မှူး ကိုးဝဲလ်ကို ခေါ်ယူလိုပေမယ့် လန်ဒန်ကလပ်ကလည်း ရောင်းမထုတ်ဘဲ ဆက်ထိန်းဖို့ကို အလေးအနက် အားထုတ်ဖွယ် ရှိပါတယ်။
ခံစစ်မှူး ဂိုးမက်ဇ်ကို ဆော်ဒီဘက်က အလိုရှိနေကြောင်း အသံထွက်နေပါတယ်။ ဂိုးမက်ဇ်ဟာ လီဗာပူးနဲ့ ကာလရှည် သက်တမ်းတိုးထားတာဖြစ်ကာ အသင်းမှာ ဆက်ရှိနေမယ်တော့ မသေချာပါဘူး။
ဆော်ဒီဘက်က အယ်လီဆန်ကို ချိတ်ဆက်ပေမယ့် ဂိုးသမားနဲ့ လီဗာပူးတို့ရဲ့ ပေါင်းစည်းမှုဟာ နောက်ရာသီအတွင်း ဆက်လက် တည်တံ့နေဖို့ပဲ ရှိပါတယ်။
လိုင်လီခံစစ်မှူး ယိုရိုကို ခေါ်ယူရေးမှာ ဆက်လက် ပါဝင်ဖွယ် မရှိကြောင်း သတင်းထွက်နေပါတယ်။ ရီးရဲလ်မက်ဒရစ်က ကစားသမားဘက်ကို ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ မပြီးခင် ဆုံးဖြတ်ချက် မချသေးဘဲ သူတို့ ကမ်းလှမ်းတာကို စောင့်ဖို့ အသိပေးထားတာပါ။
ထရန့်၊ ကာတစ်ဂျုံးနဲ့ ကွမ်းဆက်တို့ဟာ ယူရို ၂၀၂၄ ဝင်မယ့် အင်္ဂလန်အသင်းအတွက် စတင် ပူးပေါင်းကြပါပြီ။
အာနယ် ဆလော့ဟာ လီဗာပူးကစားသမားတွေရဲ့ ကိုယ်စားလှယ်တွေဖြင့် တွေ့ဆုံမှာဖြစ်ကာ အားလုံးနဲ့ ဆက်ဆံရေး တည်ဆောက်မှုကို စတင်ပါတော့မယ်။
လီဗာပူးအသင်းက ခံစစ်မှူး ကိုနတေးကို ကာလရှည် သက်တမ်းတိုးစာချုပ် ပေးအပ်ဖို့ ပြင်ဆင်နေပြီး အခြေအနေကောင်းမွန်နေပါတယ်။
FSG ဟာ လီဗာပူးကလပ်ရဲ့ ပူးတွဲ ရှယ်ယာရှင် LeBron James နဲ့ ပူးပေါင်းပြီး NBA မှာ အသင်းသစ် တည်ထောက်မှုအတွင်း ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ဖို့ ခြေလှမ်းစတင်နေပါတယ်။
လီဗာပူး ကစားသမားဟောင်း ဘယ်လာမီဟာ ဘန်လေအသင်း နည်းပြသစ်ဖြစ်လာပါတယ်။ ကွန်ပနီ ထွက်ခွာသွားတာကြောင့် လက်ထောက်နည်းပြ ဘယ်လာမီက နည်းပြရာထူးကို ရရှိခဲ့တာပါ။