နည်းပြအဖွဲ့သား တစ်ဦး ထွက်ခွာဖို့ ရှိခြင်း၊ ဘာရယ်လာအတွက် ပေါင် ၆၁ သန်း၊ အဆင့် ၄ မှလွဲလို့ အခြားသော ချန်ပီယံလိဂ် ဝင်နိုင်ခွင့် မရှိခြင်းနဲ့ လီဗာပူး သတင်းများ

ဘာစီလိုနာက ပြန်ရောက်လာပြီဖြစ်တဲ့ လီဗာပူးအသင်းသားတွေဟာ မနက်ကစပြီး အက်ဆာမှာ လေ့ကျင့်ရေး ပြန်ဝင်ကြပြီဖြစ်ကာ လက်စတာပွဲအတွက် စတင် ပြင်ဆင်နေပါပြီ။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကယ်ဗင် ရမ်ဆေးဟာ ဒီကနေ့မှာ အပေါ့စား လေ့ကျင့်ရေး စလုပ်မှာဖြစ်ပြီး ရာသီကြို ပြင်ဆင်မှုတွေအတွင်း ကြံ့ခိုင်မှု အဆင်သင့် ဖြစ်နေဖို့ ရှိပါတယ်။

လီဗာပူးအသင်းနဲ့ အယ်လစ်စတာရဲ့ ဖခင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ စကားပြောဆို ဆက်ဆံထားမှုက အတော်လေးကို အဆင်ပြေနေခဲ့ပြီဖြစ်ကာ ရာသီကုန်ရင် ကစားသမားဘက်က ဆုံးဖြတ်ချက် ပြုလုပ်လာပါမယ်။

အူဂါတီ ကိုယ်တိုင်က လီဗာပူးအသင်းထံ ပြောင်းရွှေ့လိုနေခြင်းကြောင့် ဒီနွေမှာ ဥရုဂွေး ကွင်းလယ်လူကို ခေါ်ယူရေး ကိစ္စဟာ တိုးတက်မှု ဖြစ်လာနိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြသစ်ဖြစ်လာမယ် ရေပန်းစားနေတဲ့ ပိုချက်တီနိုက မေဆန်မောင့်ဟာ သူ့ရဲ့ အသင်းအတွက် အဓိကျတဲ့ ကစားသမားဖြစ်လာနိုင်တယ် ယုံကြည်နေပြီး ဒီနွေမှာ လက်မလွတ်ရဖို့ ကြိုးစားလာနိုင်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာဟာ လီဗာပူးနဲ့ သတင်းကြီးတွေ ထွက်ပေါ်နေပြီး ၎င်းရဲ့စာချုပ်ပါ ပြောင်းရွှေ့ကြေးက ပေါင် ၆၁ သန်း ဖြစ်ပါတယ်။

လက်မြောက်ဘောဆိုင်ရာ နည်းပြဖြစ်သူ Thomas Gronnemark ဟာ ဒီနွေမှာတော့ သူ ၅ နှစ်ကြာ လုပ်လာတဲ့ လီဗာပူးအသင်းကနေ ထွက်ခွာပါမယ်။

လူတိုင်းက ဆာလာဟာ ဆိုးရွားတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်နေတယ် ပြောကြပေမယ့် အီဂျစ်သားဟာ ဂိုး ၃၀ သွင်းသွားတာပါပဲလို့ ဝက်စ်ဟမ်း တိုက်စစ်မှူး ဘိုဝန်က အထင်ကြီးစွာ မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ဖို့က အဆင့် ၄ ဝင်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။ ချန်ပီယံလိဂ်ကို ဘယ်အသင်းပဲ ရပါစေ လီဗာပူးအပေါ် သက်ရောက်မှု မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်မှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ ချူအာမီနီကို လာမယ့်ရာသီ အငှားခေါ်ယူဖို့ လီဗာပူးအသင်း စိတ်ဝင်စားတယ်ဆိုကာ အပြောင်းအရွှေ့ သတင်းလွှင့်မှုတွေ ရှိလာနေပါတယ်။