နံပါတ် ၆ သမား အတွက် အတ်ဝပ်၊ ရစ်ချက်ဟုချ်နဲ့ အာနယ်တို့ ဆွေးနွေးမည်

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ဘယ်နေရာတွေကို အားဖြည့်ရမလဲ ဆိုတာကို စိစစ်မှု လုပ်နေပြီး ဘယ်ခြမ်းသန် ဗဟိုခံစစ်မှူးနဲ့ ကွင်းလယ် နံပါတ် ၆ သမားတို့ကို အာရုံစိုက်ဖွယ် ရှိပါတယ်။

လီဗာပူးပရိသတ်များစွာက ကုန်ခဲ့တဲ့ စျေးကွက်တွေအတွင်း အသင်းဟာ နံပါတ် ၆ သမား ခေါ်ယူရေးကို အလေးအနက် မထားဘူးလို့ ထင်မြင်ထားကြတာပါ။ ဒါပေမယ့် အသင်းဟာ အဆိုပါနေရာ အားဖြည့်ဖို့ကို ပေါ့ပေါ့ဆဆ မနေဘူးလို့ သိထားရပါတယ်။

အသင်းဟာ ချူအာမီနီနဲ့ ကိုင်ဆီဒိုတို့လို တန်ကြေး ကြီးမားတဲ့ နံပါတ် ၆ သမားတွေကို ခေါ်နိုင်ဖို့ အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့အတွက် ကြိုးစားမှုကပဲ လီဗာပူးဘက်က ကွင်းလယ်ခံစစ်သမား အသစ်ခေါ်လိုစိတ်ရှိတာကို မြင်သာစေပါတယ်။

LFCThaDin ဖတ်ရှုသူတွေအတွက် အသိပေးလိုတာက လီဗာပူးအသင်းဟာ နံပါတ် ၆ သမား နေရာအတွက် ကျယ်ပြန့်တဲ့ ကင်းထောက် စောင့်ကြည့်မှု ရှိထားပါတယ်။

အတိတ်မှာတုန်းက ဘင်ဖီကာမှ ဖဖော်ရန်တီနို လူးဝစ်၊ ပီအက်စ်ဗီမှ ဆန်ဂါရေးတို့ကို အသင်းဘက်က ခြေရာကောက်မှု လုပ်ထားပါတယ်။ ဒါပေမယ့် ဒီတလော အသင်း သဘောကျနေသူတွေထဲမှာ အခြား ကွင်းလယ်လူတွေ ပါလာပါတယ်။

အာနယ်စလော့က ၄-၂-၃-၁ ကစားဟန်ကို အသုံးများသူဖြစ်ကာ လီဗာပူး ကြယ်ပွင့်တွေဖြစ်တဲ့ ဘာ့ဂျ်ဆဲတစ်နဲ့ မော်တန်တို့ဟာ နံပါတ် ၈ သမား ပိုဆန်ကြတယ်လို့ အကဲဖြတ်ခံထားရပါတယ်။

စျေးကွက်ထဲ ဝင်လာမယ့် လီဗာပူးဟာ ပေါ်တိုမှ အလန် ဗာရဲလာနဲ့ အတ္တလန်တာမှ အီဒါဆန်တို့လို တောင်အမေရိကသားတွေကို သဘောကျမှုရှိပါတယ်။ အခုချိန်ထိတော့ ရေပန်းစား ပစ်မှတ်ကို သဲကွဲစွာ မသိရသေးပါဘူး။

ဘောလုံးဆိုင်ရာ စီအီးအို မိုက်ကယ်အတ်ဝပ်ဟာ နံပါတ် ၆ နေရာအတွက် ရစ်ချက်ဟုချ်၊ အာနယ် ဆလော့တို့ဖြင့် ဆွေးနွေးမှာဖြစ်ကာ အသင်းရဲ့ ဦးတည်ချက်ကတော့ လူသစ် ၁ ဦး ဖြည့်တင်းခြင်းပဲ ဖြစ်လာမယ်လို့ နားလည်ထားရပါတယ်။

ဇွန်လ ၁ ရက်နေ့မှာတော့ အားကစားဒါရိုက်တာသစ်နဲ့ နည်းပြသစ်တို့ဟာ သူတို့ရဲ့ တာဝန်တွေကို စတင် ထမ်းဆောင်နေပြီဖြစ်ပါတယ်။