ဗန်ဒန်ဘတ်ကို ယူရို ၁၅ သန်းဖြင့် ရောင်းဖွယ်ရှိခြင်း၊ ဂိုးမက်စ်ကို ကမ်းလှမ်းမယ့် ဆော်ဒီ၊ ကာဗာရိုအား နေရာပေးဖွယ်ရှိတဲ့ အာနယ် ဆလော့နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

နည်းပြ အာနယ် ဆလော့ဟာ ဇွန်လ ၁ ရက်နေ့ကစပြီး လီဗာပူးအသင်းကို စတင် တာဝန်ယူပေမယ့် အခုချိန်ထိ အင်တာဗျူး တစ်ခုတော့ ထွက်မလာဘဲ တိတ်တိတ်ဆိတ်ဆိတ် ရှိနေပါတယ်။

အင်္ဂလန်က ဘော့စနီးယားကို ၃-၀ ဖြင့် အနိုင်ရတဲ့ ချစ်ကြည်ရေးပွဲမှာ ထရန့်က လှပတဲ့ သွင်းဂိုးဖြင့် ဒုတိယ ဦးဆောင်ဂိုး ယူပေးခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်း ခံစစ်မှာ ကိုနတေးနဲ့ အူပါမီကာနိုတို့က ဆာလီဘာကို ကျော်ပြီး နေရာရဖွယ် ရှိကြောင်း ပြင်သစ်သတင်းတွေက ဆိုပါတယ်။

ခံစစ်မှူး ဆပ်ဗန်ဒန်ဘတ်ဟာ လီဗာပူးကနေ ထွက်ခွာလိုကြောင်း အသိပေးထားပြီး ယူရို ၁၅ သန်း ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ ကမ်းလှမ်းမှုတွေ ရဖွယ် ရှိနေပါတယ်။

ကာဗာရိုဟာ နည်းပြ အာနယ်ရဲ့ ကစားကွက်မှာ နေရာရနိုင်မယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ နည်းပြဟောင်း ကလော့ပ်က နံပါတ် ၁၀ သမားကို မသုံးပေမယ့် အာနယ်ကတော့ ကွင်းလယ် တိုက်စစ်သမား အသုံးပြုမှု ရှိပါတယ်။

ဂိုးမက်စ်ကို ဆော်ဒီဘက်က အလိုရှိနေကာ ဒီနွေမှာ တရားဝင် ကမ်းလှမ်းမှု ပေးလာဖွယ် ရှိနေပါတယ်။

CIES Observatory ကတော့ လီဗာပူးဟာ ဒေါ့မနစ်နဲ့ အလက်ဆစ်တို့ ၂ ဦးကို ခေါ်ယူရာမှာ ပေါင် သန်း ၈၀ စျေးသက်သာခဲ့တယ်လို့ ထုတ်ပြန်ပေးပါတယ်။

လီဗာပူးအသင်းဟာ စပို့တင်းက အန်နာဆီယိုကို စိတ်ဝင်စားမှု ပြသနေတာကြောင့် အပြောင်းအရွှေ့ သတင်းထွက်နေဆဲဖြစ်ပေမယ့် အခုချိန်ထိ လှုပ်ရှားမှုတွေ သိပ်မတွေ့ရသေးပါဘူး။

အီတလီသတင်းတွေက လီဗာပူးအသင်းဟာ ဒီနွေမှာ Khephren Thuram ကို ခေါ်ယူရေး လှုပ်ရှားလာမယ်လို့ ဖော်ပြပါတယ်။

ဆော်ဒီလိဂ်က အယ်လီဆန်ကို အတော်လေး အလိုရှိပေမယ့် လီဗာပူးနဲ့ ဘရာဇီးဂိုးသမားကြား ဆက်ဆံရေးက နက်ရှိုင်းကောင်းမွန်နေဆဲဖြစ်ပါတယ်။