လီဗာပူးအသင်းဟာ သီယေဂိုနဲ့ မာတစ်အပြင် အကယ်ဒမီ ကစားသမား ၈ ဦးကိုလည်း အလွတ်ဖြင့် ထွက်ခွင့်ပေးလိုက်ကြောင်း အတည်ပြုပါတယ်။
စီနီယာကစားသမား ၂ ဦးဖြစ်တဲ့ မာတစ်နဲ့ သီယေဂိုတို့ဟာ အသင်းနဲ့ စာချုပ်ကုန်ပြီဖြစ်လို့ အလွတ်ဖြင့် ထွက်ခွာသွားကြပြီဖြစ်ပါတယ်။
လီဗာပူးကနေ ထွက်ခွာတဲ့ အကယ်ဒမီ လူငယ် ၈ ဦးထဲမှာတော့ ယူ-၂၃ အသင်းခေါင်းဆောင်ဟောင်း အဒမ် လူးဝစ် (၂၄ နှစ်)၊ ပိုလန်မက်ဆီလို့ နာမည်ရခဲ့တဲ့ အသက် ၂၀ အရွယ် မြူဆီယိုလိုစကီနဲ့ ဂျာမာန်လူငယ် ဖရန့်ဒေါ့တို့ ပါဝင်ခဲ့ပါတယ်။
သူတို့ ၃ ဦးလုံးဟာ လီဗာပူး စီနီယာအဆင့်မှာ ပါဝင်ခဲ့ကြဖူးပေမယ့် ဒီနွေမှာတော့ အသင်းသစ်ကို ရှာဖွေရတော့မှာပါ။
မြူဆီယိုလိုစကီနဲ့ ဖရန့်ဒေါ့တို့ဟာ လီဗာပူးရဲ့ အလားအလာ အရှိဆုံး ကြယ်ပွင့်တွေလို သတ်မှတ်ခံခဲ့၇ဖူးပေမယ့် အကယ်ဒမီကနေ ပိုပြီး ရှေ့ထွက်မလာခဲ့ကြပါဘူး။ ဒဏ်ရာ ပြဿနာတွေကပဲ သူတို့ရဲ့ လီဗာပူး ကစားသမားဘဝကို အဆုံးသတ်စေခဲ့ပါတယ်။
ဂိုးသမား Luke Hewitson, ခံစစ်သမားတွေဖြစ်တဲ့ Niall Osborne, Francis Gyimah, Nathan Giblin နဲ့ ကွင်းလယ်လူ Cody Pennington တို့ကလည်း အသင်းကနေ ထွက်ခွာပါမယ်။
အသင်းဘက်က တတိယဂိုးသမား အတ်ဒရီယန်ကိုတော့ စာချုပ်သစ် ကမ်းလှမ်းမှု လုပ်ထားပါတယ်။ လေ့ကျင့်ရေး ဂိုးသမား ၂ ဦးဖြစ်တဲ့ ထရူးမန်းနဲ့ ဂျပ်ကော့တို့ကိုလည်း စာချုပ်တွေ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။