လီဗာပူး ပစ်မှတ် ဘာရယ်လာရဲ့ ကောင်းကွက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ စတီဗင် ဂျရတ်

လီဗာပူး ဂန္တဝင်ကြီး စတီဗင်ဂျရတ်က မနက်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ အကြိုမှာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို အထူးချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

ကွင်းလယ်လူဟာ ကုန်ခဲ့တဲ့ ၄ နှစ်အတွင်း ဆန်စီယိုမှာ အင်တာမီလန်အတွက် ထူးချွန်ထားခဲ့သူပါ။ သူဟာ အင်တာမီလန်နဲ့ စီးရီးအေဖလား၊ ကိုပါ အီတလီဖလား တို့ကို အနိုင်ရခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ ယူရို အနိုင်ရ အီတလီအသင်းအတွက် အရေးကြီး ကစားသမားလည်း ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ဟာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ ဘာရယ်လာကို စိတ်ဝင်စားနေကြောင်း အီတလီ ဂုဏ်သိက္ခာရှိ သတင်းထောက် ဒီမာဇီယိုက ဖော်ပြလာခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူနဲ့ ပတ်သက်ပြီး စတီဗင်ဂျရတ်ကတော့ အတော်လေး အထင်ကြီးနေပါတယ်။

‘ ဘာရယ်လာက ဖန်တီးနိုင်တယ်၊ အရေးကြီးတဲ့ သွင်းဂိုးတွေလည်း သွင်းယူနိုင်တယ်။ နေပယ်မှာ အင်္ဂလန်ကို ရင်ဆိုင်ကစားတဲ့ပွဲကို ကျနော် ကြည့်ခဲ့ပါတယ်။ သူက ပွဲရဲ့ အစိတ်အပိုင်း အားလုံးမှာ ပါဝင်နေခဲ့တာပါ။ ဘယ်လင်ဟမ်ကို ရင်ဆိုင်ရာမှာ သူက အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။

ဘာရယ်လာက အရွယ်ကောင်း ကစားသမားဖြစ်ပြီး အကောင်းဆုံး အသက်အရွယ်ကို ရောက်လာနေပါပြီ။ သူနဲ့ လက်ရွေးစင် အသင်းဖော် တိုနယ်လီကြား ရင်ဆိုင်ပွဲမှာ ဘယ်သူ အသာရမလဲက စိတ်ဝင်စားဖို့ ကောင်းမှာပါ။ ကွင်းလယ်ဧရိယာဟာ အရမ်းကို အရေးကြီးတာကို ကျနော်တို့ အားလုံး သိကြပါတယ် ‘ လို့ ဂျရတ်က ဆိုခဲ့တာပါ။

မနက်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဘာရယ်လာ ဦးဆောင်တဲ့ အင်တာမီလန်က ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဘာရယ်လာကတော့ အင်တာမှ ပျော်နေပြီး သူ့ကို ခေါ်ယူလိုရင် ပေါင် သန်း ၅၀-၇၀ ကြား ကျသင့်မှာပဲ ဖြစ်ပါတယ်။