

လီဗာပူးအသင်း လူငယ် ညာအစွန်လူ ကယ်ဗင်ရမ်ဆေးဟာ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းထံ ၁ ရာသီ အငှားထွက်ကစားပြီဖြစ်ကြောင်း အသင်းဘက်က ကြေညာပါတယ်။
၂၀၂၂ မှာ အဘာဒင်အသင်းကနေ လီဗာပူးကို ပြောင်းလာတဲ့ ရမ်ဆေးဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ပထမအသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရတယ်။
သူဟာ ပရီစတန်ကို ၁ ရာသီ အငှားထွက်ပေမယ့် ပွဲကစားခွင့်မရတာမို့ ရာသီဝက်မှာတင် ပြန်ခေါ်ပြီး ဘော်တန်အသင်းထံ ထပ်မံ အငှားချခံခဲ့ရပါတယ်။ အသင်းနဲ့ ကစားသမားတို့ရဲ့ ရည်မှန်းချက် မပြည့်ခဲ့ဘဲ ဒီနွေမှာတော့ ဝီဂန်ထံ တစ်ရာသီ စာချုပ်ဖြင့် ရောက်ရှိသွားတာပါ။
အသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကစားသမားအထွက် စာရင်းကိုလည်း မနေ့ကပဲ ကြေညာခဲ့သေးတာပါ။ မာတစ်၊ သီယေဂိုတို့ ထွက်ခွာသွားပေမယ့် တတိယဂိုးသမား အတ်ဒရီယန်ကိုတော့ ၁ နှစ် စာချုပ် ကမ်းလှမ်းထားပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် ကလပ်မှာ ဘယ်ကစားသမားတွေကို ဆက်ထိန်းမယ်ဆိုတာကို ကနဦး လုပ်ဆောင်နေပြီး ကလယ်ဟာ၊ ဂိုးမက်စ်ဇ်တို့အတွက် ကမ်းလှမ်းလာမှုတွေကို နားထောင်လိုနေတယ်။
နည်းပြသစ်အတွက် အရေးကြီး ဖြည့်တင်းမှုအဖြစ် ခံစစ်မှူးသစ်နဲ့ ကွင်းလယ်ခံစစ်ကို အားဖြည့်မှာဖြစ်ကာ လူစာရင်း ရောင်းချရမှုအပေါ် အခြေခံပြီး ဂိုးသမား၊ တိုက်စစ်တို့ကိုပါ အားဖြည့်ဖို့ လျာထားတာဖြစ်ပါတယ်။