နောက်ရာသီမှာ VAR ကို ဆက်သုံးဖို့ ပရီးမီးယားလိဂ်ကလပ်တွေကြား သဘောတူညီမှု ရခဲ့ပါပြီ။
အင်္ဂလန်အသင်း လူစာရင်းကနေ ကာတစ်ဂျုံးအပြင် ကွမ်းဆက်ကိုလည်း ထုတ်ပယ်လိုက်ပါပြီ။ ကွမ်းဆက်ဟာ အိုက်စလန်နဲ့ပွဲမှာတော့ အင်္ဂလန်အသင်းအတွက် ကစားပေးခွင့်ရဖွယ် ရှိနေဆဲဖြစ်ပါတယ်။
လူငယ်လေး ကူးမက်စ်ဟာ ဝေလ်းလက်ရွေးစင်အသင်းမှာ အထင်ကြီးခံနေရပြီး သူ့ရဲ့ ပြင်းထန်တဲ့ ကန်ချက်တွေကြောင့် ဘေးလ်လက်သစ်အဖြစ် ရှုမြင်ခြင်းပါ ရှိလာပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၈ တုန်းက ဗန်ဒိုက်၊ အယ်လီဆန်တို့ကို ခေါ်ယူခဲ့သလို ကလပ်အပေါ် သက်ရောက်မှု ကြီးမားမယ့် ကစားသမား ၁ ဦးကို ငွေသုံးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ The Athletic က ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ အတ္တလန်တာအသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ဘရာဇီး ကွင်းလယ်လူ အီဒါဆန်ကို ယူရို ၄၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပြီလို့ ဘရာဇီးသတင်းထောက်တွေက ဆိုပါတယ်။ ရိုမန်နိုကလည်း လီဗာပူးက ကစားသမားဘက်နဲ့ ချိတ်ဆက်နေကြောင်း ပြောပါတယ်။
ဒါပေမယ့် မာဆေးဆိုဒ် သတင်းထောက်တွေကတော့ လီဗာပူးနဲ့ အန်ဒါဆန်ကြား အပြောင်းအရွှေ့ကို ငြင်းဆန်လိုက်ပြီး ဒီနွေမှာ အသင်းကို ရောက်လာဖွယ် မရှိဘူးလို့ ပြတ်ပြတ်သားသား ထုတ်ဖော်သွားပါတယ်။
ဖီယင်နု ဂိုးနည်းပြ Jyri Nieminen က သူ လီဗာပူးအသင်းထံ ပြောင်းလာဖို့ အများကြီး ဖြစ်နိုင်သလို သူကိုယ်တိုင်က နယ်သာလန်မှာ ဆက်နေတာကိုလည်း ရွေးချယ်နိုင်ကြောင်းနဲ့ ကိစ္စတွေ အပြောင်းအလဲဖြစ်လာမလား စောင့်ကြည့်မယ်လို့ ပြောပါတယ်။
ဆိုလန်ကီရဲ့ စာချုပ်ပါကြေးဟာ ပေါင် ၆၅ သန်းဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင် လီဗာပူးအသင်းဟာ စာချုပ်ပါကြေးရဲ့ ၂၀% ဖြစ်တဲ့ ပေါင် ၉ သန်း ခံစားခွင့်ရှိပါမယ်။