

နည်းပြကလော့ပ် လီဗာပူးက မထွက်ခင်မှာ ကွင်းလယ်လူ မာကာအား အန်ဖီးမှာပဲ ဆက်နေဖို့ တိုက်တွန်းမှာကြားတယ်လို့ အာဂျင်တီးနားသားက ထုတ်ပြောလာခဲ့ပါတယ်။
အိုက်စလန်နဲ့ပွဲမှာ ထရန့်ဟာ ၂၅ မိနစ်ပဲ လူစားဝင် ကစားခဲ့ပေမယ့် ဘယ်အသင်းဖော်ထက်မဆို ပိုများတဲ့ အခွင့်အရေး ဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ်။
ဝေးလ်ကြယ်ပွင့်လေး ကူးမက်စ်ဟာ လက်ရွေးစင် အသင်းကြီးအတွက် ပွဲထွက်ပေးခွင့် ရရှိသွားပြီဖြစ်ပါတယ်။
၂၀၁၆ မှာ အသင်းရောင်းချထားခဲ့တဲ့ လူးဝစ် အယ်ဘာတိုဟာ လာဇီယိုကနေ ဆော်ဒီကလပ် Al-Duhail အသင်းထံ ပြောင်းသွားတာကြောင့် စာချုပ်ပါ အချက်အလက်အရ လီဗာပူးအသင်းက ယူရို ၁.၂ သန်း ခံစားခွင့်ရပါမယ်။
ဘွန်ဒက်လီဂါကလပ် မိန့်ဇ်အသင်းဟာ ခံစစ်မှူး ဗန်ဒန်ဘတ်အတွက် လီဗာပူးအသင်းနဲ့ စကားစပြောခဲ့ပါပြီ။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ ဝေးကွာလွန်းနေကာ လီဗာပူးဘက်က ပေါင် သန်း ၂၀ အလိုရှိနေတာပါ။
လီဗာပူးဘက်က စာချုပ်သစ် ကမ်းလှမ်းထားတဲ့ အတ်ဒရီယန်ကို လာလီဂါကလပ် ရီးရဲလ်ဘက်တစ်ကလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
အသင်းဥက္ကဋ္ဌ တွမ်ဝါနာကတော့ အနာဂတ်မှာ ပရီးမီးယားလိဂ်ပွဲတွေကို အမေရိကန်နဲ့ တိုကျို အပြင် ကမ္ဘာ့မြို့ကြီးတွေမှာ ကစားစေဖို့ ရည်ရွယ်ချက်ထားနေကြောင်း ထုတ်ပြောပါတယ်။
ပြင်သစ်တိုက်စစ်သမား ဂရစ်ဇမန်းဟာ လီဗာပူးအသင်းမှ အသက် ၁၇ နှစ်အရွယ် အမေရိကန် တိုက်စစ်သမား Keyrol Figueroa အတွက် လက်ဦးဆရာအဖြစ် ကူညီပေးမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ မနှစ်ကရာသီ ဖီယင်နုအသင်းအတွက် ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ပေးခဲ့တဲ့ ညာတောင်ပံကြယ်ပွင့် ယန်ကူဘူကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။