NEWS: ရီးရဲလ်နဲ့ အပြောင်းအရွှေ့ သတင်းတွေကို မာကာ တုန့်ပြန်၊ ကလော့ပ်ရဲ့ တားဆီးမှုကို ထုတ်ဖော်

မနှစ်ကနွေမှာ ဘရိုက်တန်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ကွင်းလယ်လူ မက်ကယ်လစ္စတာဟာ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေကြားမှာပဲ လီဗာပူးမှာ ပျော်ရွှင်နေတယ်လို့ ဆိုလာပါတယ်။

တောင်အမေရိကသား တစ်ဦးဖြစ်တဲ့ မာကာက ရီးရဲလ်မက်ဒရစ်ကို မလေးမစား မလုပ်ပါဘူး။ ဒါပေမယ့် ဒီလို ထင်ကြေးပေးတဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ထွက်ပေါ်မလာသင့်ဘူးလို့လည်း မြင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းအတွက် မာကာက ‘ ကျနော်ကို စိတ်ဝင်စားနေကြောင်း ဒီလို သတင်းထွက်လာတာ ဂုဏ်ယူပါတယ်။

သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ကျနော် အတော်လေး လေးစားမိပါတယ်။ ဒါပေမယ့် ရီးရဲလ်နဲ့ အပြောင်းအရွှေ့ သတင်းထွက်နေတာကို ကျနော် မကြိုက်ပါဘူး။

သူတို့ဘက်က တကယ်တမ်း စိတ်ဝင်စားပြီး လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ စကားပြောနေတာဆိုရင်တော့ ကျနော် ပါဝင် စကားပြောရတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမယ့် ကျနော်က လီဗာပူးအပေါ် လေးစားမှု အများကြီးရှိပါတယ်။ ဒီအသင်းမှာ ကစားနေရတာကို ပျော်ပါတယ်။ ဒီလို ထင်ကြေးပေးတဲ့ အပြောင်းအရွှေ့ သတင်းတွေ ဖြစ်မလာသင့်ပါဘူး ’ လို့ ပြောပါတယ်။

လီဗာပူးမှာပဲ ဆက်ကစားဖို့ ကလော့ပ်က အကြံပြုခဲ့ကြောင်း မာကာက ထုတ်ပြောခဲ့သလို မှန်ကန်တဲ့ကလပ်မှာ ကစားခွင့်ရနေတာလို့ သတိပေးခဲ့တယ်လို့ သိရတယ်။ မာကာက ‘ ကလော့ပ်က ကျနော်ဟာ အရွယ်ရောက်လာဖို့ မှန်ကန်တဲ့ အသင်းမှာ ရှိနေတာပါလို့ ပြောခဲ့ပါတယ်။

အသင်းကနေ သူထွက်ခါနီးမှာ ကျနော်ကို ပွေ့ဖက်ပြီး အချိန်ခဏလေးပဲ အတူတူ ရှိခဲ့ရတာကို နှမျောမိကြောင်း ပြောခဲ့ပါတယ်။ လီဗာပူးမှာ ရှိနေရတာ ကျနော်အတွက် သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ပါတယ် ’ လို့ ဆိုသွားတာ ဖြစ်ပါတယ်။